POST TYPE
COVID 19
သာကေတရှိ Covid-19 Contact Person များကို Steel King ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် စတင်ထားရှိမည်
03-Oct-2020

ရန်ကုန်၊ အောက်တိုဘာ ၃
သာကေတမြို့နယ်ရှိ Covid-19 Contact Person များကို Steel King ကန့်သတ်စောင့်ကြည့်ရေးစင်တာ ၁ တွင် အောက်တိုဘာ ၄ ရက်နေ့မှ စတင်ထားရှိမည်ဖြစ်ကြောင်း Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
သာကတမြို့နယ်တွင် Covid-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသည့် Contact Person ဦးရေ ထပ်တိုးလာသည်နှင့်အမျှ Community Base Facility Quarantine Center များ ပိုမိုဖွင့်လှစ်နိုင်ရန် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း ၃ ကျောင်းကို Steel King ကန့်သတ်စောင့်ကြည့်ရေး စင်တာ (Facility Quarantine Center) များအဖြစ် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ယင်းကော်မတီမှသိရသည်။
လက်ရှိ ပြင်ဆင်နေသည့် ကန့်သတ်စောင့်ကြည့် စင်တာ ၁ တွင် အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသည့် Contact Person ၇၀ ဦးကျော်ကို Steel King တွင် အောက်တို
ဘာ ၄ ရက်၌ စတင်ထားရှိမည်ဖြစ်သည်။

အဆိုပါ Steel King ကန့်သတ်စောင့်ကြည့်ရေး စင်တာများကို မြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သာကေတမြို့နယ်ရှိ Steel King ကုမ္ပဏီလီမိတက်မှ ကနဦးငွေကျပ်သိန်းပေါင်း ၁၅၀ ခန့်အကုန်ကျခံ၍ လှူဒါန်းဆောင်ရွက်ခြင်းဖြစ်သည်။
"လိုအပ်တဲ့ ကျန်းမာရေးအသုံးအဆောင်ပစ္စည်းတွေနဲ့ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေကို နေ့စဉ်အာဟာရဒါနအဖြစ် စောင့်ရှောက်မှုကာလပြီးဆုံးတဲ့အထိ လှူဒါန်းထောက်ပံ့သွားမှာဖြစ်ပါတယ်'' ဟု Steel King ကန့်သတ်စောင့်ကြည့်ရေး စင်တာများဆောင်ရွက်သည့် ဦးကျော်ကျော်ဦးက ပြောကြားသည်။
Steel King ကန့်သတ်စောင့်ကြည့်ရေး စင်တာများအတွက် ကျန်းမာရေးအသုံးအဆောင်နှင့် တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများဖြစ်သောတစ်ယောက်အိပ်ခေါက်ကုတင်များ၊ PPE ဝတ်စုံများ၊ Surgical Mask များနှင့် တစ်ခါသုံး ဆေးလက်အိတ်များ ထားရှိပေးထားပြီး CCTV မှတ်တမ်းကင်မရာများနှင့် WIFI (Internet) တပ်ဆင်ပေးထားကာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများရှိ ကုန်ကျစားရိတ်များကိုလည်း Steel King ကုမ္ပဏီက ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်သည်။
လက်ရှိ သာကေတမြို့နယ်တွင် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းအထိစာရင်းများအရ ပိုးတွေ့လူနာ ၃၅၄ ဦးရှိပြီး ရောဂါပျောက်ကင်း၍ဆေးရုံမှဆင်းသူ ၆၈ ဦးရှိကြောင်း မြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
J-03
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021