POST TYPE
COVID 19
ကမ္ဘောဇဘဏ်ကသိန်း၇၀၀၀မတည်၍အင်းယားလိတ်ကိုဗစ်စင်တာစတင်တည်ဆောက်
03-Oct-2020

ရန်ကုန်၊အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ကုသရေးအတွက် ကမ္ဘောဇဘဏ်က ဦးဆောင်၍ ငွေကျပ်သိန်း ၇၀၀၀ ကနဦးမတည်ကာ ကုတင် ၅၀၀ ပါဝင်သည့် အင်းယားလိတ်ကိုဗစ်စင်တာကိုYangon Convention Center (YCC) တွင် စတင်တည်ဆောက်နေကြောင်း ယင်းဘဏ်ကသတင်းထုတ်ပြန်ထားသည်။
COVID-19 ကူးစက်လူနာ ၅၀၀ ဦးအထိ လက်ခံကုသပေးမည့် အင်းယားလိတ်ကိုဗစ်စင်တာတည်ဆောက်ရေးအတွက် ကမ္ဘောဇဘဏ်က ငွေကျပ် သိန်း ၇၀၀၀ ဦးဆောင်မတည်ထားပြီး ရွှေသံလွင်ကုမ္ပဏီ(Skynet) မှလည်း ငွေကျပ် သိန်း ၃၀၀၀ ထည့်ဝင် လှူဒါန်းထားသည်။
ယင်းစင်တာကို ၁၀ ရက်အတွင်းပြီးစီးနိုင်ရန် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ စီမံချက်ရေးဆွဲကာ ဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက အဆောင်များတိုးချဲ့ပြီး ကုတင် ၁၀၀၀ အထိ ထားရှိသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါစင်တာတွင် အရေးပေါ်လူနာများကို ကုသပေးနိုင်ရန်အတွက်High-Dependency Unit: HDU (၁၆) ကုတင် တစ်ပါတည်း ထည့်သွင်း တည်ဆောက်လျက်ရှိပြီး စင်တာတွင် တက်ရောက်ကုသမည့် လူနာ ၅၀၀ ဦးအတွက် လိုအပ်မည့် အထူးဆေးဝါးများနှင့် အဟာရပြည်ဝစေရန် နံနက်၊ နေ့လည်၊ ညစာများကို အခမဲ့စီစဉ်ဆောင်ရွက်ပေးထားမည် ဖြစ်ကာ ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်း ၄၀၀ ဦး အတွက်လည်း သီးသန့်အဆောက်အဦးများ တစ်ပါတည်း ပါဝင်မည် ဖြစ်ကာ ၂၄ နာရီ အခမဲ့ Food Court ထားရှိပေးသွားမည် ဖြစ်သည်။
အင်းယားလိတ်ကိုဗစ်စင်တာကို ကနဦး မတည်လှူဒါန်းသော ကမ္ဘောဇဘဏ်သည် KBZ General Insurance၊ KBZ Life၊ MAI နှင့် Air KBZ တို့ကို ဦးဆောင်၍ COVID-19 ရောဂါ မြန်မာနိုင်ငံတွင် စတင် မတွေ့ရှိမီ ဖေဖော်ဝါရီလမှ စတင်ကာ ယနေ့အထိ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ် ၇၃,၉၃၆သိန်း၊ သိန်းပေါင်း(ခုနှစ်သောင်း သုံးထောင့်ကိုးရာသုံးဆယ့်ခြောက်) လှူဒါန်းထားပြီး ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
S-09
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021