News

POST TYPE

COVID 19

ပင်းတယမြို့တွင် ရန်ကုန်ပြန် နှစ်ဦးထံမှ ကိုဗစ်ရောဂါပိုး တွေ့
02-Oct-2020

ရန်ကုန်၊ အောက်တိုဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ရန်ကုန်မြို့မှပြန်လာသူနှစ်ဦးထံမှ ကိုဗစ်ရောဂါပိုးကို တွေ့ရှိခဲ့သည်။ 
ရောဂါပိုး တွေ့ရှိသူ နှစ်ဦးထဲမှ အမျိုးသားတစ်ဦးမှာ ပန်းရောင်းသူဖြစ်ပြီး ၎င်းမှာ ရန်ကုန်မှ ပင်းတယမြို့သို့ ပြန်ရောက်လာသဖြင့် ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးခဲ့ရာ၌ ၎င်းမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိသဖြင့် အဆိုပါ အမျိုးသားနှင့် ထိတွေခဲ့သူ ခြောက်ဦးကို စစ်ဆေးရာ အသက်၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ပိုးကူးစက်နေကြောင်း သိရှိခဲ့သည်။

ပိုးတွေ့ရှိသည့် လူနာကို တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံသို့ တင်ပို့မည်ဖြစ်ပြီး ပင်းတယမြို့နယ်ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ ဒေါ်မို့မို့ကြည်မှလည်း ကိုဗစ်ရောဂါ အခြေအနေနှင့်ပတ်သက်၍ ဒေသခံများ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်နန် သတင်းများ ထုတ်ပြန်ပေးလျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု အသိပေး လမ်းညွှန်ချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်ရန် နှိုးဆော်တိုက်တွန်းလျက်ရှိသည်။

S-03