News

POST TYPE

COVID 19

စစ်ကိုင်းတွင် ပိုးတွေ့လူနာ ၂၈ဦးတိုး
02-Oct-2020


မုံရွာ၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းတွင် ယမန်နေ့ညမှ ယနေ့နံနက်အထိ ကိုဗစ်-၁၉ ပိုးတွေလူနာ ၂၈ ဦးတိုးလာခဲ့ကြောင်း စစ်ကိုင်းတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထုတ်ပြန်ချက်အရသိရသည်။



ယနေ့နံနက်ထုတ်ပြန်ချက်အရ ကနီမြို့နယ်တွင် Qဝင်နေသူ ခုနစ်ဦး၊ ကလေးမြို့နယ်တွင် ခုနစ်ဦး ဖောင်ပြင်မြို့နယ်မှ တစ်ဦးတွင် ပိုးတွေ့ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညထုတ်ပြန်ချက်အရ မုံရွာ၊ကလေးနှင့်ချောင်းဦးမြို့နယ်တို့မှ ၁၃ ဦးရှိခဲ့သည်ဟု ကော်မတီက ထုတ်ပြန်ထားသည်။ 

ယင်းကော်မတီထုတ်ပြန်ချက်အရ စစ်ကိုင်း တိုင်းတွင် ပိုးတွေ့လူနာ လက်ရှိအချိန်အထိ ၉၂ ဦးရှိနေပြီ​ဖြစ်သည်။

မုံရွာဆေးရုံကြီးတွင် ပိုးတွေ့လူနာ ၁၀ ဦးကို ကုသပေးနေသည်ဟု စစ်ကိုင်းတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ ထပ်မံသိရသည်။R.08
ဓာတ်ပုံ- ခင်မေစန်း