News

POST TYPE

COVID 19

အင်းစိန်ပိုးတွေ့လူနာသစ်ထဲတွင် အခြေအနေမဲ့ စိတ်မနှံ့သူတစ်ဦးပါဝင်
02-Oct-2020


ရန်ကုန်၊အောက်တိုဘာ ၂

အင်းစိန်မြို့နယ်၏ COVID-19 ပိုးတွေ့လူနာသစ် ၄၆ ဦးထဲတွင် အခြေအနေမဲ့/စိတ်မနှံ့သူတစ်ဦးပါဝင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့ ည၈နာရီက ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၏ COVID-19 ပိုးတွေ့လူနာအသစ် တစ်ထောင်ကျော်ရှိကြောင်းကြေညာခဲ့ရာ ယင်းထဲတွင် အင်းစိန်မြို့နယ်မှ လူနာသစ် ၄၆ ဦးပါဝင်ခဲ့ပြီး ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၃ ပါးနှင့် မြို့သစ်(ဂ)ရပ်ကွက်၊ 
ဓမ္မဝါဒီသီလရှင်စာသင်တိုက်မှ ဆရာလေး အပါး ၃၀ တို့ပါဝင်နေကြောင်းဦးဝေဖြိုးဟန်က ယင်း၏ဖေ့စ်ဘွတ်စာမျက်နှာမှတစ်ဆင့်ပြောကြားထားသည်။

ကျန်၈ဦးမှာ အောင်ဆန်းရပ်ကွက်၊ ကန်ဦးကျောင်းလမ်းမှ မ တစ်ဦး၊ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်ဆေးရုံဝင်း - ကျားတစ်ဦး၊ မတစ်ဦး၊ ရွာမအနောက်ရပ်ကွက်၊ သံမဏိဝင်းမှ မတစ်ဦး၊ ရွာမအနောက်ရပ်ကွက်မှ(အခြေနေမဲ့/စိတ်မနှံ့)သူတစ်ဦး၊ ဖော့ကန်ရပ်ကွက်၊ သီတာလမ်းမှ မတစ်ဦး၊ကြို့ကုန်းအနောက်ရပ်ကွက်၊ ကြို့ကုန်းရိပ်သာတိုက်၂မှ မတစ်ဦး၊စော်ဘွားကြီးကုန်းရပ်ကွက်၊ ဓမ္မာရုံလမ်းမှ ကျားတစ်ဦးတို့ဖြစ်သည်။

ယင်းအတွက်ကြောင့် အင်းစိန်မြို့နယ်တွင် COVID-19 ပိုးတွေ့လူနာအရေအတွက်မှာ ၈၀၈ ဦးရှိပြီဖြစ်ပြီး သံသယလလူနာ၊စောင့်ကြည့်လူနာ၊ပိုးတွေ့လူနာများကို အင်းစိန် GTI Quarantine Center သုံးခု၊ အင်းစိန်ဆေးရုံရှိ ရွေ့လျားကုသဆောင် တို့တွင်ထားရှိ ကုသပေးနေသည်။

S-09