News

POST TYPE

BUYING GUIDE

ဧပြီ ၁ ရက်တွင် စတင်ရောင်းချမည့် OPPO F3 Plus စမတ်ဖုန်းသစ် ကြိုတင်မှာယူနိုင်ပြီ
28-Mar-2017 tagged as oppo

ပြည်တွင်း၌ အချိန်တိုအတွင်း ဈေးကွက်အောင်မြင်မှုရရှိခဲ့သည့် OPPO က ပြည်တွင်းဈေးကွက်တွင်းသို့ OPPO F3 Plus စမတ်ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပြီး ယင်း စမတ်ဖုန်းများကို ဧပြီ ၁ ရက်တွင် စတင်ရောင်းချသွားမည်ဖြစ် သည်။
OPPO F3 Plus စမတ်ဖုန်းကို မတ်လ ၂၄ ရက်မှ စတင်ပြီး မတ်လ ၃၁ ရက်အတွင်းမှာယူနိုင်မည်ဖြစ်ပြီး ကြိုတင်မှာယူသူများအတွက်  ၁၁၀၀၀၀ ကျပ် တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သွားမည် ဟု OPPO က သတင်းထုတ်ပြန်ထားသည်။ 

OPPO F3 Plus သည် မျက်နှာပြင်အရွယ်အစား  ၆လက်မရှိပြီး မျက်နှာပြင်အရည်အသွေး Full HD အရည်အသွေးရှိမည်ဖြစ်သည်။ မျက်နှာပြင်ထိခိုက်မှုများကို ကာကွယ်နိုင်ရန်  2.5D Corning Gorilla Glass 5 နှင့်ကာကွယ်ပေးထားသည်။ OPPO အတွက် Dual Selfie Camera အသုံးပြုထားသော ပထမဆုံး ထုတ်ကုန် တစ်ခုဖြစ်လာမည်ဖြစ်ပြီး ကမ္ဘာ့ပထမဆုံး 6P Lens သုံးထားသည့် စမတ်ဖုန်းဖြစ်သည်ဟု OPPO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြင်ကွင်း ၁၂၀ ဒီဂရီအကျယ်အထိရိုက်ယူနိုင်စေမည့် 8MP အရန်ကင်မရာနှင့် F1s ၏ 16MP အရည်အသွေးရှိ ရှေ့ကင်မရာကိုပါ ပေါင်းစပ်ပေး ထားသည်။ ထူးခြားသည့်ကင်မရာနည်းပညာများနှင့်အတူ Selfie ရိုက်ကူးမှုအတွေ့အကြုံသစ်များကို ရရှိနိုင်မည် ဖြစ်သည်။

နောက်ဘက်ကင်မရာပိုင်းတွင်လည်း OPPO နှင့် Sony ပူးပေါင်းဖန်းတီးထားသည့် အရည်အသွေးအကောင်းဆုံး IMX 398 sensor ကိုပါတပ်ဆင်ပေးထားသည်။ Octa core processor နှင့် RAM 4GB နှင့် ROM 64GB တို့ကြောင့် သွက်လက်မြန်ဆန်သောသုံးစွဲမှုနှင့် အချက်အလက်သိုလှောင်မှုတို့ကိုရရှိ စေမည်ဖြစ်သည်။ OPPO F3 Plus တွင် နောက်ထပ်ထူးခြားမှုတစ်ခုပါ လက်ကိုအသာလေးတို့ထိလိုက်ရုံဖြင့် 0.2 second အတွင်း lock ဖွင့်ပေးစေမည့် solid-state fingerprint ကိုပါရှေ့ဘက်တွင်ထည့်သွင်းပေးထားသည်။ Android OS Marshmallow 6.0 ကို OPPO ၏ကိုယ်ပိုင်း UI ဖြစ်သော ColorOS 3.0 ဖြင့်ပေါင်းစပ်ပေးထားခြင်းကြောင့် သုံးစွဲထိတွေမှုအ ပိုင်းကိုပိုမိုမြန်ဆန်စေမည့်အပြင် battery အားအသုံးပြုမှုကိုပါသက်သာစေမည်ဖြစ်သည်။ F3 Plus ဖုန်းကို ရွှေရောင်အဖြစ်  ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး ဈေးနှုန်းမှာ ၅၉၉၀၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။