News

POST TYPE

BUYING GUIDE

သတင်းသမား မြင့်မားဂုဏ်ရည် ဒီမိုကရေစီ နိုင်ငံတော်နှင့် စတုတ္ထမဏ္ဍိုင် သတင်းဆောင်းပါးများ
မြန်မာနိုင်ငံရဲ့ အကျော်အမော် ထင်ရှားတဲ့ သတင်းစာဆရာကြီးတွေ အပါအဝင် သုတစာပေ ရေးသားကြတဲ့ စာရေးဆရာကြီးတွေ ရေးသားထားကြတဲ့ သတင်းစာ အကြောင်းအရာ သတင်းစာပညာရပ် အကြောင်းများအနက် သူဖတ်ထားသမျှ အဆီအနှစ်တွေကို ထုတ်ပြီး စုစည်းရေးသားထားတာ ဖြစ်တယ်လို့ သတင်းစာဆရာကြီး ဖိုးသောကြာက ဆိုထားပါတယ်။ ဒီစာအုပ်ဟာ သတင်းဝါသနာပါသူ အားလုံးအတွက် သတင်းစာပညာသည် နိုင်ငံအတွက် မွန်မြတ်သော (Noble)၊ မရှိမဖြစ် လိုအပ်သော လူတိုင်း ပါဝင်မလုပ်ဆောင်ကြသည့် တိုင်အောင် ထမ်းဆောင် ကူညီထောက်ကူသင့်သော တာဝန်တစ်ရပ် ဖြစ်ကြောင်း မီးမောင်းထိုးပြသကဲ့သို့ ခံစားမိကြလိမ့်မယ်လို့ ယုံကြည်ကြောင်း ၎င်းက ထပ်လောင်းဆိုပါတယ်။

သတင်းမီဒီယာဆိုတာ ဘာလဲ၊ သတင်းမီဒီယာသမားကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ၊ သတင်းမီဒီယာသမား တစ်ယောက်ရဲ့ တာဝန်နဲ့ ကျင့်ဝတ်တွေ၊ အများပြည်သူ သိခွင့်ရှိတဲ့ သတင်းအချက်အလက် စသလို အကြောင်းအရာတွေကို သတင်းသမား မြင့်မားဂုဏ်ရည် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖတ်ရှုရပါမယ်။ သတင်းသမား မြင့်မားဂုဏ်ရည်ဆိုတဲ့ ခေါင်းစဉ်အပြင် ဒီမိုကရေစီ နိုင်ငံတော်နှင့် စတုတ္ထမဏ္ဍိုင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁ ကနေ ၁၀ အထိ နံပါတ်စဉ်တပ်ပြီး ရေးသားထားတာ ပါဝင်တာမို့ စုစုပေါင်း ၁၁ ပုဒ် ဖတ်ရှုရမှာပါ။

ကောင်းသန့်စာပေက ထုတ်ဝေတာဖြစ်ပြီး စာအုပ်တန်ဖိုး ၁၀၀၀ ကျပ်ပါ။