News

30-Nov-2016
"သုံးထပ်ခွဲအောက် အထပ်နိမ့် အဆောက်အအုံတွေကို ဇွန်လက တည်ဆောက်ခွင့် လျှောက်ထားတာ ရပ်ဆိုင်းထားပြီး ဇူလိုင်လ ၁ ရက်မှ ခွင့်ပြုခဲ့တယ်။အခုကတော့ အားလုံးကို ပြန်လည်တည် ဆောက်ခွင့်ပေးပါပြီ"
29-Nov-2016
ကမ္ဘောဇဘဏ်က ပုံမှန်ငွေစုခြင်းထက် အတိုးပိုမိုရရှိမည့် စုပွားငွေစု ပုံစံသစ်ကို မိတ်ဆက်ခဲ့ပြီး ပုံစံသစ်ဖြင့် ငွေစုသူများမှာ အတိုးနှုန်း ၁၀ ရာခိုင်နှုန်းအထိ ရရှိမည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်း အထွေထွေမန်နေဂျာ ဦးစိုးတင်မောင်ဇော်က ပြောကြားသည်။
24-Nov-2016
စပါးဈေး ကျဆင်းမှုကို ဖြေရှင်းရန် အစိုးရက ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း ဒေသကြီးတို့ရှိ လယ်သမားများထံမှ စပါး တင်း တစ်ရာလျှင် ကျပ် လေးသိန်းခန့်ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
24-Nov-2016
ပြည်ပနိုင်ငံများသို့ စိန်၊ ရွှေနှင့် ကျောက်မျက်များ တရားဝင် တင်ပို့ခွင့် စတင် ခွင့်ပြုပါက လိုင်စင် ရှိသူတိုင်း ပို့ခွင့်ရရှိရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကျောက် မျက်အသင်းများနှင့် ဆွေးနွေးညှိနှိုင်းနေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
24-Nov-2016
တစ်ဒေါ်လာလျှင် ၁၃၅၄ ကျပ်အထိ ၁၆ နှစ်ကျော် ကာလအတွင်း စံချိန်တင်ဈေးနှုန်းအဖြစ် မြင့်တက်ခဲ့သော အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် ဒေါ်လာစုထားသူများက ထုတ်ရောင်းလာကြခြင်းကြောင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းကြောင်း ငွေကြေးဈေးကွက် အတွင်းမှ သိရသည်။
23-Nov-2016
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နှင့် ကွတ်ခိုင် အနီးတို့တွင် နိုဝင်ဘာလ ၂ဝ ရက်နေ့မှစ၍ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လမ်းကြောင်းများ ပိတ်ဆို့ပြီး တရုတ်သို့ တင်ပို့သည့် ကဏန်းအမာ အကောင်ရေ တစ်သိန်း နီးပါးမှာ သေဆုံးကုန်သည့်အတွက် မူဆယ်လမ်းပေါ်တွင် စွန့်ပစ်ခဲ့ရကြောင်း ကဏန်း မွေးမြူတင်ပို့ သူများထံမှ သိရသည်။
22-Nov-2016
ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီ (Securities Company) များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ရောင်းချသည့် အစိုးရငွေတိုက် စာချုပ် (Treasury Bond) များကို ဝယ်ယူရမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။
22-Nov-2016
“ကျွန်တော်တို့ အခုရက်ပိုင်းအတွင်း ထုတ်ပြန်ပေးပါ့မယ်။ ဒီလနောက်ဆုံးပတ်လောက်ပေါ့” ဟု အဆိုပါဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆိုသည်
20-Nov-2016
ပထမပုဂ္ဂလိကဘဏ် (First Private Bank) က ဒီဇင်ဘာလကုန်တွင် အစုရှယ်ယာ တစ်စုကို ကျပ်လေးသောင်းဝန်းကျင်ဖြင့် ရန်ကုန်စတော့အိတ်ချိန်း၌ ရောင်းချမည် ဖြစ်ကြောင်း ယင်းဘဏ်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ပြောကြားသည်။
19-Nov-2016
ဘဏ်အချင်းချင်းအကြား အရောင်းအဝယ် ပြုလုပ်သည့် Interbank Market အတွင်း အမေရိကန်ဒေါ်လာ ကြိုရောင်းကြိုဝယ် စနစ်ဖြင့် အရောင်းအဝယ်လုပ်ခြင်းကို ဗဟိုဘဏ်က ခွင့်ပြုထားသော်လည်း နည်းပညာ လိုအပ်ချက်ကြောင့် မလုပ်ကိုင်နိုင်သေးကြောင်း ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများက ပြောကြားသည်။
18-Nov-2016
ငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ငွေလဲနှုန်း မြင့်တက်လာမှုကိုဗဟိုဘဏ် အနေဖြင့် ဝင်ရောက် ထိန်းကျောင်းရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။
17-Nov-2016
ဆက်တိုက် တက်နေသော အမေရိကန် ဒေါ်လာ ဈေးနှုန်းသည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃ဝ၄ ကျပ်မှ နိုဝင်ဘာလ ၁၇ ရက်နေ့၌ ၁၃၁၆ ကျပ်အထိ ဆက်တက်ကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။
17-Nov-2016
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဂျပန်-မြန်မာ အစိုးရအဖွဲ့ အထောက်အပံ့နှင့်အတူ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းပြီး ငါးနှစ်အတွင်း ဂျပန်ယန်းငွေ ၈၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရန် ဝိုင်းဝန်း အကောင်အထည် ဖော်မည့် သဘောတူညီချက်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၇ ရက်နေ့က Japan-Myanmar Association က လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။
16-Nov-2016
သန့်ရှင်းမှုအားနည်းပြီး စံနှုန်း ပြည့်မီစွာ မထုတ်လုပ်သည့် ပဲဆီသန့် ကုမ္ပဏီ နှစ်ခုကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန် တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့က ခေါ်ယူ သတိပေးခဲ့ကြောင်း မြန်မာ စားသုံးသူများ သမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်က ပြောကြားသည်။
13-Nov-2016
ရွှေဘိုပေါ်ဆန်း စပါးတင်းတစ်ရာလျှင် ကျပ် ၁၂ သိန်းခွဲအထိ ပေါက်ဈေး ရှိနေသော်လည်း စပါးဝယ်လက် မရှိတော့ကြောင်း စပါးလှောင်လက်ပွဲစားများနှင့် တောင်သူကြီးများထံမှ စုံစမ်းသိရှိရသည်။