News

04-Oct-2016
နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များ အားလုံးမှ ငွေစုဘဏ်အပ်ငွေ စာရင်းနှင့် ပုံသေအပ်ငွေ စာရင်းများအပေါ် ဘဏ်များက ပေးသည့် အတိုးနှုန်းကို ပြောင်းလဲရန် (လျှော့ချရန်) အစီအစဉ် လုံးဝမရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
03-Oct-2016
အမေရိကန် ဒေါ်လာ လဲလှယ်နှုန်း ထားမြင့်တက်ခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထိန်းကျောင်းခြင်း မရှိဘဲ ၎င်း၏ ဒေါ်လာ သတ်မှတ်နှုန်းများ လိုက်ပါ မြှင့်တင်နေခြင်းကို ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက ဝေဖန် ပြောကြားသည်။
01-Oct-2016
ပြည်တွင်း ဒေါ်လာ ငွေလဲနှုန်းမှာ ယခုနှစ် သြဂုတ်လ နှောင်းပိုင်းမှ စတင်ကာ တရိပ်ရိပ် မြင့်တက်လာပြီး စက်တင်ဘာလ တစ်လအတွင်း ငွေလဲနှုန်း ၄၅ ကျပ် မြင့်တက်သွားကြောင်း ပြည်တွင်း ငွေကြေး ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။
01-Oct-2016
အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်နှင့် ဝင်ငွေ မြင့်မားလာစေရေး စီးပွားရေး လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းအတွက် ဗြိတိန်က မြန်မာနိုင်ငံကို စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖ့ွံဖြိုး တိုးတက်ရေးဌာန (DFID) က ထုတ်ပြန် ကြေညာသည်။
27-Sep-2016
"အတိုးနှုန်းလျှော့တာက ဘဏ်တိုင်းတော့ မဟုတ်တော့ဘူးပေါ့။ လုပ်နိုင်တဲ့သူကတော့ မလျှော့ဘဲ လုပ်ချင်လုပ်မှာပေါ့။ နေ့တိုင်း အတိုးပေးရတာဆိုတော့ ကြာလာတော့ ဘဏ်အနေနဲ့ မခံနိုင်ဘူးလေ"
26-Sep-2016
ဆက်တိုက် မြင့်တက်နေသော ပြည်တွင်းရွှေဈေးမှာ ယခု သီတင်းပတ် ဈေးကွက်အဖွင့်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ရှစ်သိန်းကိုးသောင်းကျော်အထိ ရောက်ရှိသွားကြောင်း ရွှေ ဈေးကွက်အတွင်းမှ သိရသည်။
25-Sep-2016
ဓာတုပစ္စည်းသုံး ရောနှောဆီများနှင့် နိုင်ငံခြားထုတ်ကုန်များကို ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းက အသင်းအမှတ်တံဆိပ်ပါ စားသုံးဆီဘူးများ ထုတ်လုပ်မည်
20-Sep-2016
အမေရိကန် ပြည်ထောင်စု အခြေစိုက် နည်းပညာ ကုမ္ပဏီ Microsoft က e- Government လုပ်ငန်းများနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာများကို အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း Microsoft ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Sy Wann က ပြောကြားသည်။
16-Sep-2016
မြန်မာ့ထိပ်တန်း ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု အားနည်းနေဆဲ ဖြစ်ကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က တတိယအကြိမ် ထုတ်ပြန်သည့် (မြန်မာ့ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု လေ့လာခြင်း) ပွင့်သစ်စ စီမံချက်တွင် ဖော်ပြ
15-Sep-2016
"ဒါက ဖယ်ရှားပေးတာထက် ဥပဒေကို ပယ်ဖျက်ပေးတာက ပိုပြီး အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဖယ်ရှားပေးတာကတော့ အရင်ကလည်း ဒီလို လုပ်နေတာပဲလေ။ ဒီလိုပယ်ဖျက်ပေးမှ အမေရိကန် ဘဏ်တွေဝင်လာပြီး FDI (နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု) လည်း အလုံးအရင်းနဲ့ ဝင်လာနိုင်မယ်။ ကုန်သွယ်မှုပိုင်းမှာလည်း အမေရိကန်တင် မဟုတ်ဘဲ ဥရောပနိုင်ငံတွေနဲ့ပါ ကောင်းမွန်လာစေမယ်။ အခုက အမေရိကန်ဘဏ်တွေနဲ့ ဥရောပဘက်က ဘဏ်တွေ မရှိတာကြောင့် အဲဒီဘက်က နိုင်ငံတွေနဲ့ ကုန်သွယ်မှုက မရှိဘူး ဖြစ်နေတယ်"
09-Sep-2016
စီးပွားဖြစ် ထုတ်လုပ်မှု စံနှုန်းများနှင့် မကိုက်ညီသော လက်ယက်တွင်းဖြင့် တူးဖော်ပြီး ရေနံချက်လုပ်နေသော လုပ်ငန်များကို ဒေသန္တရ ရေနံချက် လုပ်ငန်း ယာယီ လိုင်စင်ကို အခမဲ့ ထုတ်ပေးသွားမည်
08-Sep-2016
ယခုဘဏ္ဍာနှစ် ပထမခြောက်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့် ဝင်ရောက်ရန် လုပ်ငန်း အဆိုပြုလွှာများ လက်ခံရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစန်းမြင့်က ပြောကြားသည်
06-Sep-2016
ယခုလအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများထဲမှ အထည်ချုပ်လုပ်ငန်း ငါးခုကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
31-Aug-2016
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်း မကပ်သည့် စားသောက်ဆိုင် ၄၄ ဆိုင်ကို ၂ဝ၁၆ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ဒဏ်ရိုက်ခဲ့ရာ ဒဏ်ကြေးငွေ ကျပ်သိန်း ၁၅ဝ ကျော် ရရှိ