News

02-Nov-2016
ခရီးသွား ကုမ္ပဏီများအနေနှင့် Package Tour ခရီးစဉ်များနှင့် Package Tour ခရီးစဉ်များ ရောင်းချရာတွင် နေပြည်တော်ကို ခရီးစဉ် တစ်ခုအဖြစ် ထည့်သွင်း ရောင်းချပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ထားသော်လည်း လက်ရှိတွင် အဆိုပါ ဒေသကို ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု မရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။
01-Nov-2016
ဂျပန်နိုင်ငံတွင်ကျင်းပမည့် မြန်မာ- ဂျပန် စီးပွားရေးဖိုရမ်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ၃၂ ယောက်ကို လိုက်ပါခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ် ငန်းရှင်များအသင်းချုပ်(UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ပြောကြားသည်။
30-Oct-2016
တရုတ်နိုင်ငံက အဖမ်းအဆီးများ နေခြင်းကြောင့် ဆန်တင်ပို့မှု လျော့ကျနေသော မြန်မာ့ဆန်ကို ကင်ညာနိုင်ငံက ရသရွေ့ ဝယ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
26-Oct-2016
အောက်တိုဘာ လဆန်းပိုင်းက ဈေးနှုန်း တည်ငြိမ်နေသည့် အမေရိကန် ဒေါ်လာမှာ ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ဆက်တိုက် ပြန်လည် မြင့်တက်လာရာ အောက်တိုဘာလ ၂၆ ရက်နေ့၌ ပြင်ပ ဈေးကွက် ပေါက်ဈေး တစ်ဒေါ်လာလျှင် ၁၂၉၂ ကျပ်အထိ ရောက်ရှိလာကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။
26-Oct-2016
"ဘဏ်စတင်တည်ထောင်ကတည်းက ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အရစ်ကျစနစ်နဲ့ အိမ်ရာတွေကို ဝယ်ယူနိုင်ဖို့ ဖွင့်လှစ်ထားတာပါ။ ချေးငွေယူချင်သူရဲ့ ဝင်ငွေ၊ Profile ကိုကြည့်ပြီး ထုတ်ချေးတာပါ။ ချေးငွေယူသူတွေကို ဘဏ်ဝန်ဆောင်ခက တစ်ရာခိုင်နှုန်း၊ အတိုး နှုန်း ၁၂ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်"
24-Oct-2016
ယခင်လ ဈေးနှုန်းထက် စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၁ဝဝ ဝန်းကျင် မြင့်တက်နေခြင်းမှာ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်း မြင့်တက်ခြင်းနှင့် စင်ကာပူနိုင်ငံမှ တင်သွင်း ရောင်းချသည့် စက်သုံးဆီဈေး မြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင် လုပ်ငန်းရှင်များက ပြောကြားသည်။
22-Oct-2016
မြန်မာ့စီးပွားရေးကို ကမ္ဘာကသိရန် ဖြောင့်မတ်စွာ လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံပြောကြား လိုက်သည်။
19-Oct-2016
ကမ္ဘောဇဘဏ်နှင့် တရုတ်နိုင်ငံ အခြေစိုက် Union Pay International (UPI) ကတ်ကုမ္ပဏီတို့ ပူးပေါင်းကာ ပြည်ပနိုင်ငံပေါင်း ၁၆ဝ နှင့် ပြည်တွင်းရှိ ဆိုင်ခွဲပေါင်း ၇ဝဝဝ ကျော်တွင် အသုံးပြုနိုင်မည့် အကြွေးဝယ်ကတ် နှစ်မျိုးကို ထုတ်လုပ်ခဲ့ကြောင်း ကမ္ဘောဇဘဏ် ကတ်ဌာနမှ အထွေထွေ မန်နေဂျာ ဒေါ်ဆွေဇင်ဝင်းက ပြောကြားသည်။
15-Oct-2016
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်များ (Bilateral Investment Treaty-BIT) သည် မြန်မာကဲ့သို့ ဖွံ့ဖြိုးစနိုင်ငံများအတွက် အဆိုးထက် အကောင်း ပိုများမည်ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
13-Oct-2016
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများ ဝယ်ယူလိုသူများအတွက် လာမည့် နှစ်တွင် ၁၅ နှစ် အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်စေရန် စီစဉ်လျက်ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် CHDB မှ အမှုဆောင် ဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။
08-Oct-2016
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့ထားမှုများကို ပယ်ဖျက်ပေးလိုက်ရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) အပါအဝင် တပ်မတော် ထိပ်တန်းခေါင်းဆောင်ဟောင်းများနှင့် နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ပယ်ဖျက်ခံရသည့် စာရင်းတွင် ပါဝင်ခဲ့သည်။
07-Oct-2016
အွန်လိုင်း ဈေးကွက်တွင် ရောင်းချနေသည့် ဆေးဝါးများကို FDA ခွင့်ပြု မထားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောကြားသည်။
07-Oct-2016
လူသေနှင့် အသား၊ ငါးများ တာရှည်ခံ မပုပ်သိုးရန် သုံးစွဲသော ဖော်မလင်များကို မုန့်ဖတ်များ တာရှည်ခံရန် သုံးစွဲနေသည့်အတွက် အန္တရာယ်ရှိ ဓာတုပစ္စည်း သုံးစွဲမှု ကင်းရှင်းရေး မုန့်ဖတ်ဖိုမှ ထုတ်လုပ် ရောင်းချသူများကို သင်တန်းပေးမည်
06-Oct-2016
အခေါက်ရွှေ တစ်ကျပ်သားလျှင် ကိုးသိန်းအထိ စံချိန်တင် မြင့်တက်ခဲ့သော ပြည်တွင်း ရွှေဈေးမှာ လေးရက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၃ဝဝဝ နီးပါး ပြန်လည် ကျဆင်းသွားကြောင်း ရွှေဘုံသာ အခေါက်ရွှေ လက်ကား ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
04-Oct-2016
ဆက်တိုက် မြင့်တက်နေသော အမေရိကန် ဒေါ်လာလဲနှုန်းသည် အောက်တိုဘာလ ၄ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၂၈၅ ကျပ်အထိ ရောက်ရှိလာသည့်အတွက် ၁ဝ ရက်အတွင်း ပြင်ပဒေါ်လာ ဈေးကွက်အတွင်း ဝယ်ဈေး ၃၃ ကျပ်နှင့် ရောင်းဈေး ၃၅ ကျပ်ခန့်အထိ မြင့်တက်ကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။