News

10-Feb-2017
တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် စာရင်းပေးထားသည့် ပြည်တွင်းကုမ္ပဏီ ၂၉ ခုကို တရုတ်နိုင်ငံမှ ဆန်အရည်အသွေး စစ်ဆေးသည့်အဖွဲ့က ယခုလအတွင်း လာရောက်စစ်ဆေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
10-Feb-2017
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ကိုး သိန်းနီးပါးအထိ မြင့်တက်ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
08-Feb-2017
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေး သဘာဝ သဲသောင်ပြင်တွင် ညောင်ချောင်းသာ အပန်းဖြေကမ်းခြေကို ဖေဖော်ဝါရီလ ၈ ရက်နေ့က နေရာပြောင်းကာ ဖွင့်လှစ်ခဲ့သည်။
08-Feb-2017
မန္တလေးတိုင်းအတွင်း အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းအတွက် ကျသင့်အခွန်များကို ဝယ်ယူသူများက ထမ်းဆောင်နေသော်လည်း အိမ်၊ ခြံ မြေ ရောင်းချသူများအနက် ၉၀ ရာခိုင်နှုန်းခန့်မှာ အခွန် မဆောင်ကြကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာနထံမှ သိရသည်။
08-Feb-2017
ရွှေဝယ်ယူမည်ဆိုပါက ကုန်သွယ်ခွန် သုံးရာခိုင်နှုန်း ပေးဆောင်ရန် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည့်အတွက် ဈေးတက်၍ ဝယ်လိုအား လျော့ကျသွားမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။
04-Feb-2017
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ် လုပ်ဆောင်လျက်ရှိသည့် First Myanmar Investment (FMI) ကုမ္ပဏီက ရှယ်ယာအသစ် ထုတ်ရောင်းရန် အစီအစဉ်ရှိကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
04-Feb-2017
ရန်ကုန်မြို့တော်၏ အဓိက ကုန်စည်ဈေးကွက် ဘုရင့်နောင် ကုန်စည်ဈေးကွက် အတွင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူများ လက်ကျန်ပြတ်နေခြင်းကြောင့် ယခုလအတွင်း ဈေနှုန်းဆက်တိုက် မြင့်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
03-Feb-2017
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အကောက်ခွန် ဦးစီးဌာန၏ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ်အတွင်း ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ်များ စည်းကြပ်တန်ဖိုး (CIF) ဈေးနှုန်း ထွက်လာပြီးနောက် မော်တော်ယာဉ် ဈေးကွက် အရောင်းအဝယ် ရပ်နေကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောကြားသည်။
02-Feb-2017
အာဖရိကနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၇၅,၆၆၀ မက်ထရစ်တန်ကို ၂၀၁၆ ဧပြီလမှ ၂၀၁၇ ဇန်နဝါရီလအထိ တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
31-Jan-2017
ရောင်းချခွင့်သက်တမ်း ခြောက်လ ထပ်မံတိုးမြှင့်ပေးထားသော ၂၀၁၅ ခုနှစ်နှင့် ယင်းနှစ်ထက် နောက်ကျသည့် ယခင်နှစ်များ အတွင်းက တင်သွင်းထားသည့် မော်တော်ယာဉ်များသည် ယခုနှစ် ဇွန်လအတွင်းအထိ ရောင်းမထွက်ပါက သိမ်းဆည်းမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
31-Jan-2017
၂၀၁၆ ခုနှစ်အတွင်း မြန်မာ့စီးပွား ရေးတိုးတက်မှုနှုန်းသည် မူလ ခန့်မှန်းထားသည်ထက် လျော့ကျကြောင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာအရ သိရသည်။
31-Jan-2017
နှစ်စဉ်ပိုမိုလာသော အခွန်ကောက် ခံရရှိမှုမှာ ယခုဘဏ္ဍာနှစ် ၂၀၁၆ ဧပြီလမှ ၂၀၁၇ ဇန်နဝါရီလအတွင်းအထိ ကောက်ခံရရှိမှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် ယင်းကာလတူအတွင်းကထက် ကျပ် ၃၅၄ ဘီလီယံကျော် ပိုမိုကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
29-Jan-2017
ပြည်တွင်း ဝက်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရန်အတွက် ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား အဆင့်မြင့် ဝက်မွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနထံမှ သိရသည်။
29-Jan-2017
သီရိလင်္ကာနိုင်ငံသို့ ဖေဖော်ဝါရီလမှစကာ ဧပြီလအထိ ဧည့်မထဆန်တန်ချိန် ငါးသောင်း တင်ပို့ရန်အတွက် ကနဦး ဆွေးနွေး အတည်ပြုထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
27-Jan-2017
ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် အိမ်တွင်းအလှဆင် ပစ္စည်းမျိုးစုံကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် PRO 1 Home Center လေးဆိုင်မြောက်ဆိုင်ခွဲကို အမှတ် (၂) လမ်းမပေါ် ဒဂုံအရှေ့ပိုင်းတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။