News

20-Feb-2017
ပုဂ္ဂလိက ငွေလဲကောင်တာ (Money Changer) များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည့် စည်းကမ်းများ ဖောက်ဖျက်ပါက ကောက်ခံမည့် ဒဏ်ကြေး သတ်မှတ်ချက်များကို ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။
20-Feb-2017
ကျန်းမာရေး ထိခိုက်စေသည့် စားသောက်ကုန်နှင့် ဆေးဝါးများကို ထိရောက်စွာ ဖြေရှင်းနိုင်ရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများကို စစ်ဆေးကာ တရားမဝင် အတုအပ ကုန်စည်များကို ပြင်းထန်စွာ အရေးယူနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
20-Feb-2017
ပင်လယ်ရေကြောင်းမှ တစ်ဆင့် မြန်မာ့ဆန်တန်ချိန် တစ်သိန်းကို တရားဝင် ရောင်းချရန် တရုတ်နိုင်ငံကို ကမ်းလှမ်းမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
19-Feb-2017
စီးပွားရေး အခွင့်အလမ်း နည်းပါးနေသည့် မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာသော ဘဏ်တိုးနှုန်း သတ်မှတ်ချက်ဆိုင်ရာ သတင်းများကြောင့် ဝေဖန်မှုများစွာနှင့် ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဂယက်ရိုက်ခတ်သွားသည်။
18-Feb-2017
SME လုပ်ငန်းများတွက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ “Internationailzation SME Forum”ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်မည်
18-Feb-2017
ပမာဏ များပြားသော ဘဏ်အပ်နှံငွေများမှ အတိုးရငွေအပေါ်တွင် နှုန်းထားတစ်ရပ်ဖြင့် အခွန်ကောက်ခံရန် ပြည်တွင်း အခွန်များ ဦးစီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က The Voice သို့ ပြောကြားသည်။
16-Feb-2017
စက်မှုကဏ္ဍ၏ ပြည်ပတင်ပို့မှု အများဆုံး ကုန်ပစ္စည်းဖြစ်သော အထည်ချုပ်လုပ်ငန်းများမှ ယခင်ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၈၀ဝ ကျော် ပိုမိုတင်ပို့နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
15-Feb-2017
ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၁၁ လတာ ကာလအတွင်း ပြည်ပသို့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်အောက် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
15-Feb-2017
ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာ လဲနှုန်းတက်ခြင်းကြောင့် မြင့်တက်ခဲ့သော အမေရိကန် ဒေါ်လာဈေးသည် ယခုအခါ ပြည်ပ၌ ဒေါ်လာတန်ဖိုး ကျဆင်းသဖြင့် ပြည်တွင်း ဒေါ်လာဈေးနှုန်းများလည်း ပြန်လည် ကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
14-Feb-2017
ပြည်ပမှမှာယူတင်သွင်းပြီး တစ်နှစ်ကျော်ကာလအထိ လာရောက်ထုတ်ယူခြင်း မရှိသေးသော ရန်ကုန်သီလဝါဆိပ်ကမ်းမှ မော်တော်ယာဉ် အစီးရေ ၁၀၈၀ ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ သိရသည်။
14-Feb-2017
အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခဲ့သည့် ရေထွက်ပစ္စည်း ကွန်တိန်နာ ၂၆ လုံးတွင် ဆင်မိုနဲလားရောဂါပိုး ပါဝင်ကြောင်း အမေရိကန် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲမှုဌာန (FDA) က စစ်ဆေးတွေ့ရှိခဲ့သဖြင့် ငြင်းပယ်လိုက်ကြောင်း
13-Feb-2017
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မလစ်ကျေးရွာနှင့် လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာတွင် စက်မှုဇုန်သစ် နှစ်ခုကို ယခုနှစ်အတွင်း တိုးချဲ့ တည်ဆောက်မည်
12-Feb-2017
ဂျပန်နိုင်ငံမှ ကမ္ဘာကျော် ကီရင်ဘီယာ (Kirin Beer) ချက်လုပ်သည့် Kirin ကုမ္ပဏီက တစ်ချိန်က မြန်မာနိုင်ငံ၏ နာမည်ကျော် မန္တလေးဘီယာ (Mandalay Brewery) ကို ဝယ်ယူတော့မည်ဖြစ်ကြောင်း ဂျပန်သတင်းစာ တစ်စောင်ဖြစ်သော Japan Today က ရေးသားဖော်ပြသည်။
12-Feb-2017
ယခုနှစ် ပျားရည်ထွက်ချိန်တွင် ပြည်ပနိုင်ငံများက ပျားရည်ဝယ်ယူရန် တိုက်ရိုက်မှာယူမှု များပြားလာသည့်အတွက် တင်ပို့မှု မြင့်တက်ကြောင်း ပျားရည်လုပ်ငန်းရှင်များထံမှ သိရသည်။
10-Feb-2017
ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု အစီအစဉ်ဖြင့် တင်သွင်းသည့် စလစ်ကပ်ယာဉ်များကို ယခုနှစ် ဧပြီလမှစတင်၍ ကြိုတင် ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။