News

01-Mar-2017
မြန်မာနိုင်ငံတစ်ဝန်း၌ ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုမည့်ဒေသများကို သတ်မှတ်လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။
28-Feb-2017
နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသော မော်တော်ယာဉ်အစီးရေ တစ်ထောင်ကျော်ကို ဝန်ကြီးဌာနများ အသုံးပြုနိုင်ရန် ခွဲဝေပေးမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ သိရသည်။
28-Feb-2017
ပြည်ပနိုင်ငံများသို့ တင်ပို့မှု နည်းပါးသော မြန်မာနိုင်ငံထွက် ရော်ဘာကို ဂျပန်နိုင်ငံမှ Bridgestone မော်တော်ယာဉ် တာယာစက်ရုံက ဝယ်ယူမည်
27-Feb-2017
အမေရိက၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့လိုက်ပြီးနောက်ပိုင်း ပြည်တွင်း ပုဂ္ဂလိကဘဏ် ကမ္ဘောဇဘဏ်မှတစ်ဆင့် အမေရိကန် ပြည်ထောင်စုသို့ တိုက်ရိုက်ငွေလွှဲ ဝန်ဆောင်မှု စတင်ပြီ
26-Feb-2017
လာမည့်ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့တွင် ရွှေဝယ်ယူခြင်းအတွက် အခွန် ၁ ရာခိုင်နှုန်း စတင် ပေးဆောင်ရမည့်အတွက် ယခုရက်ပိုင်းအတွင်း ရွှေဝယ်ယူမှု ယခင်ကထက် များပြားကြောင်း ရွှေ လုပ်ငန်းရှင်များထံမှ သိရသည်။
26-Feb-2017
စားသုံးဆီ ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းရှင်များအနေနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တွင် မှတ်ပုံတင်ထားသည့် ကုန်ပစ္စည်းနှင့် ဈေးကွက်အတွင်း လက်တွေ့ ရောင်းချနေသည့် ကုန်ပစ္စည်း မတူညီလျှင် လုပ်ငန်းပိတ်သည်အထိ အရေးယူမည်
24-Feb-2017
ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် အတိုးနှုန်း မြင့်မားနေသော မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းကို လတ်တလောတွင် လျှော့ချရန် မည်သို့မျှ မဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
24-Feb-2017
ပြည်တွင်းရွှေဈေးမှာ ယခင်နှစ် အောက်တိုဘာလက တစ်ကျပ်သား ကျပ် ၉ သိန်းအထက်သို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့ပြီးနောက် လေးလကျော်ကာလ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ကျပ်ကိုးသိန်းအထက်သို့ ရောက်ရှိခဲ့ကြောင်း ပြည်တွင်း ရွှေလုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။
24-Feb-2017
၂၀၁၆-၁၇ ဘဏ္ဍာနှစ်စမှ ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ပြည်ပမှ လူသုံးကုန်ပစ္စည်းမျိုးစုံ တင်သွင်းမှုမှာ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၅၃၇ သန်းကျော်ဖိုး ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
23-Feb-2017
ပြည်တွင်းခရီးစဉ်များကို အမေရိကန် ဒေါ်လာနှုန်းထားနှင့် ရောင်းချရန်ကြော်ငြ နေသည့် ခရီးသွားကုမ္ပဏီများကို ယင်းသို့မပြုလုပ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခေါ်ယူသတိပေး ပြောဆိုမည်
22-Feb-2017
ကမ္ဘာ့ပုစွန်ဈေးကွက်သို့ မြန်မာနိုင်ငံမှ မွေးမြူရေးပုစွန်များ တင်ပို့ရောင်းချနိုင်ရန်နှင့် ပုစွန်မွေးမြူ ထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် အမေရိက အခြေစိုက် Marine Genetics အဖွဲ့က အကူအညီပေးမည်
22-Feb-2017
မျှင်ငါးပိ ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုသည့် မျှင်အကောင်လေးများကို ထိုင်းနိုင်ငံက လာရောက် ဝယ်ယူလျက် ရှိသောကြောင့် ပြည်တွင်း၌ ကုန်ကြမ်း ရှားပါးကာ ဈေးမြင့်တက်သွားကြောင်း မြန်မာနိုင်ငံ ငါးပိ ငါးခြောက် ငံပြာရည် ထုတ်လုပ် ရောင်းဝယ်သူများ အသင်းထံမှ သိရသည်။
21-Feb-2017
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စမှ ယခုနှစ် ဖေဖော်ဝါရီလအတွင်းအထိ ကုန်သွယ်မှု လိုငွေပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၄၂၀ဝ နီးပါးသို့ ရောက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
21-Feb-2017
အမျိုးသားပို့ကုန် မဟာဗျူဟာ ငါးနှစ် စီမံကိန်းတွင် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဆော့ဖ်ဝဲရေး ဆွဲသည့်ကဏ္ဍနှင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ကဏ္ဍတို့ကို ထပ်မံထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။
20-Feb-2017
ရွှေထည် လက်ဝတ်ရတနာများ ရောင်းချငွေမှ တစ်ရာခိုင်နှုန်း အခွန်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက အဆိုပြုချက် တင်သွင်းလိုက်ပြီဖြစ်သည်။