News

24-Mar-2017
တဖြည်းဖြည်း မြင့်တက်လာသော စက်သုံးဆီ လက်လီဈေးနှုန်းများသည် ၂၀၁၆ ခုနှစ် မတ်လ နောက်ဆုံးပတ်အတွင်း ကထက် တစ်လီတာလျှင် ကျပ် ၂၃၀ အထိ မြင့်တက်ကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။
23-Mar-2017
တရုတ်နိုင်ငံက မြန်မာ့ဆန်တန်ချိန် တစ်သိန်း ဝယ်ယူရန် ကမ်းလှမ်းထားရာ ယင်းစာချုပ် ချုပ်ဆိုပြီးမှသာ တရုတ်ဗဟိုအစိုးရ၏ ဆန်အရည်အသွေး စစ်ဆေးရေးအဖွဲ့ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
23-Mar-2017
ပြည်တွင်း စက်သုံးဆီလုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုမပေးသေးရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းထံသို့ အသနားခံစာ တင်မည်
23-Mar-2017
တစ်ရက်အတွင်း ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၀ ဒေါ်လာအထိ မြင့်တက်သွားခြင်းကြောင့် ပြည်တွင်း ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းသုံးထောင်သို့ ရောက်ရှိ
22-Mar-2017
ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော Shwe Taung Development ကုမ္ပဏီနှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်းပြီး အဆင့်မြင့် အိမ်ရာစီမံကိန်းများကို နှစ်ရှည် အရစ်ကျစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
21-Mar-2017
ဘဏ်လောက ဖွံ့ဖြိုးတိုးတက်ရေးအပြင် ပြည်တွင်းဘဏ်များ နည်းပညာ ရရှိရေးအတွက် နိုင်ငံခြားဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များ အကျိုးတူ ဖက်စပ်စနစ် ဆောင်ရွက်ခွင့်ပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
21-Mar-2017
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်နှင့် နာဂလန်းပြည်နယ်အတွင်း နေထိုင်သူများ၏ သီးနှံစားပွဲတော် နီးလာသည့်အတွက် မြန်မာထွက်သီးနှံများကို နယ်စပ်မှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့နေရကြောင်း တမူးမြို့ရှိ သစ်သီးကုန်သည်များ၏ အဆိုအရ သိရသည်။
19-Mar-2017
စက်သုံးဆီဆိုင်များနှင့် ဈေးဝယ်စင်တာ လုပ်ငန်းများကို ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား လုပ်ကိုင်ခွင့်ပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက မတ်လ ၁၈ ရက်နေ့၌ ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ပြည်ပ လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။
15-Mar-2017
ဧပြီလ ၁ ရက်နေ့တွင် စတင်မည့် ရွှေဝယ်ယူခြင်းအပေါ် ကောက်ခံသည့် အခွန်နှင့်ပတ်သက်၍ တန်ဖိုးမြင့် တံဆိပ်ခေါင်းများ ထုတ်လုပ်သင့်ကြောင်း ရွှေလုပ်ငန်းရှင်များက အကြံပြု ပြောကြားသည်။
12-Mar-2017
မြန်မာ့ပဲမျိုးစုံ အဓိက ဝယ်ယူလျက်ရှိသော အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား ပြန်လည် လျော့ကျသည့်အတွက် ပြည်ပပို့ ဈေးနှုန်းများသည် တစ်တန်လျှင် ကျပ် ခုနစ်သောင်းမှ နှစ်သိန်းခန့်အထိ ပြန်လည် ကျဆင်း
09-Mar-2017
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ငါး၊ ပုစွန်လက်ကားဈေး သုံးခုကို နိုင်ငံတကာ အဆင့်မီသည့် ဈေးများအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးရန် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။
08-Mar-2017
ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးစနစ် (MACCS) ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယင်းစနစ်ကြောင့် ကုန်သွယ်မှုကဏ္ဍမှ အခွန်ဘဏ္ဍာငွေ ရရှိမှုမှာ ၁၂၀ ရာခိုင်နှုန်းအထိ ပိုမိုတိုးတက်ကြောင်း
08-Mar-2017
ချေးငွေ အမျိုးအစားပေါ် မူတည်၍ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေ အတိုးနှုန်း ကောက်ခံမှုကို ပြောင်းလဲရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
06-Mar-2017
ဧရာဝတီတိုင်းဒေသကြီး မတ်ပဲ စိုက်ခင်း အများစုမှာ အထွက်နှုန်းထက် ဝက်ခန့် လျော့ကျသဖြင့် မတ်ပဲဈေး မြင့်တက်လာနိုင်ကြောင်း မတ်ပဲကုန်သည်ကြီး အများစုက ခန့်မှန်းပြောကြားသည်။
05-Mar-2017
၂၀၁၆ အခွန်ဥပဒေဟောင်း သတ်မှတ်ချက်ထက် မော်တော်ယာဉ် အထူးကုန်စည်ခွန် တိုးလာပြီး ကျောက်မျက်ရတနာအရိုင်းနှင့် အချောထည် အခွန်နှုန်းများ လျော့ကျကြောင်း ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ထုတ်ပြန်ချက်အရ သိရသည်။