News

21-Apr-2017
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ အသစ်တွင် ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးရာ၌ ပြည်တွင်းမှ ၂၀ ရာခိုင်နှုန်းနှင့် နိုင်ငံခြားသား ပါဝင်မှုကို ၈၀ ရာခိုင်နှုန်းအထိ ခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
21-Apr-2017
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ကွမ်းသီးအကင်းများကို တရုတ်နယ်စပ်သို့ပို့ရန် ဈေးကောင်းပေးကာ ရသလောက် ဝယ်ယူနေကြောင်း ကွမ်းသီးခြံပိုင်ရှင်များထံမှ သိရသည်။
19-Apr-2017
ရန်ကုန်စတော့အိတ်ချိန်းဝင် ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများသည် မြန်မာ နှစ်သစ်ကူး ရုံးပိတ်ရက်များအပြီး ဈေးကွက် ပြန်ဖွင့်ချိန်တွင် ဈေးငြိမ်လျက်ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းထံမှ သိရသည်။
11-Apr-2017
မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ရရှိသည့် ရေနံကို တရုတ်သို့ စတင် သယ်ယူပို့ဆောင်မည့် Suez အမျိုးအစား “United Dynamic” သင်္ဘော ဧပြီလ ၁၀ ရက်က ရခိုင်ပြည်နယ် မဒဲကျွန်းဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ SEAGP ထံမှ သိရှိရသည်။
06-Apr-2017
၂၀၁၇၊ ၂၀၁၈ ခုနှစ်များတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) စစ်တမ်းတွင် ဖော်ပြထားသည်။
06-Apr-2017
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း အခွန် ကောက်ခံရရှိမှုသည် လျာထားချက်ထက် ကျော်လွန်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။
04-Apr-2017
ငွေပေးချေရာတွင် ပိုမိုလွယ်ကူစေရန် ကျောက်မျက် လုပ်ငန်းရှင်တစ်ဦးကို အမေရိကန်ဒေါ်လာ ငါးသောင်းအထိ တိုးမြှင့်ကိုင်ဆောင်ခွင့်ပေးရေး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံ တင်ပြတောင်းဆိုထားကြောင်း ကျောက်မျက်လုပ်ငန်းရှင်များထံမှ သိရသည်။
04-Apr-2017
ပြည်တွင်းငြိမ်းချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ဆက်စပ်နေသဖြင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် စီးပွားရေး လုပ်ငန်းရှင် တစ်သောင်းကျော်က လက်မှတ် ရေးထိုးကာ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း “Business for Peace ငြိမ်းချမ်းရေးအတွက် စီးပွားရေး လုပ်ငန်းများ” ဆွေးနွေးပွဲထံမှ သိရသည်။
03-Apr-2017
ပြည်တွင်း စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဩစတြီးယား လုပ်ငန်းရှင်များက စိတ်ဝင်စားလျက်ရှိပြီး ယင်းကဏ္ဍများအတွက် ချေးငွေများ ပံ့ပိုး ကူညီမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။
02-Apr-2017
ဝင်ငွေခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်အထိ ရရှိမည့် ဦးစားပေး မြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍ ၂၀ ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။
01-Apr-2017
မြန်မာနိုင်ငံ၏ ပထမဦးဆုံး ငွေကြေး ဈေးကွက်တစ်ခုဖြစ်သော စတော့ရှယ်ယာ ဈေးကွက် တစ်နှစ်ပြည့်မြောက်ချိန်အထိ ရန်ကုန် စတော့အိတ်ချိန်း ကုမ္ပဏီ (YSX) နှင့် ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီများမှာ အရှုံးပေါ်နေဆဲ ဖြစ်ကြောင်း YSX ၏ အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။
31-Mar-2017
ရွှေထည်လက်ဝတ်ရတနာများကို ဧပြီလမှစ၍ အခွန်ကောက်မည်ဖြစ်ရာ ယင်းအတွက် တန်ဖိုးမြင့် တံဆိပ်ခေါင်းများ ဖြစ်သည့် ကျပ်ငါးထောင်တန်နှင့် တစ်သောင်းတန်များကို ထုတ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
30-Mar-2017
ပြည်ပသို့ ငါးမြစ်ချင်းတင်ပို့မှု အများဆုံးမြို့နယ်ဖြစ်သည့် တွံတေးမြို့နယ်ရှိ ငါးမွေးမြူရေးကန်များတွင် အမည်မသိ ရောဂါတစ်မျိုး ကျရောက်မှုကြောင့် ငါးများ သေဆုံးကာ လုပ်ငန်းရှင်များ အရှုံးပေါ်လျက် ရှိကြောင်း အဆိုပါဒေသရှိ မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
28-Mar-2017
အမေရိကန် အခြေစိုက်ကုမ္ပဏီ ဖြစ်သည့် Uber တက္ကစီ ဝန်ဆောင်မှုလုပ်ငန်းက မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီထံမှ သိရသည်။
24-Mar-2017
ပြည်ပသို့ ဆန်တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်စမှ မတ်လ ၂၀ ရက်နေ့အထိ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် တင်ပို့ထားကာ ယခင်ဘဏ္ဍာနှစ်ထက် တန်ချိန်တစ်သိန်းခန့် ပိုမိုတင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။