News

08-Nov-2016 tagged as
ဂျပန်နိုင်ငံတွင် အလုပ်သမား ရှားပါးမှု ပြဿနာ ရင်ဆိုင်နေရသည်မှာ နှစ်ပေါင်း ကြာမြင့်နေပြီး မြန်မာ အလုပ်သမားများ၏ လုပ်ကိုင်နိုင်စွမ်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဂျပန်လုပ်ငန်းရှင်များ စိတ်ဝင်စားမှုရှိ၍ လက်ရှိတွင် မြန်မာ အလုပ်သမား များစွာ လိုအပ်လျက်ရှိကြောင်း ဂျပန် ပြည်ပ အလုပ်အကိုင် အေဂျင်စီကုမ္ပဏီ Seller Buyer Society SBS Group ထံမှ သိရသည်။
07-Nov-2016 tagged as
မြင့်တက်နေသော ပြည်တွင်းစက်သုံးဆီ လက်လီ၊ လက်ကား ဈေးနှုန်းများသည် ပြည်ပ ဈေးနှုန်းများ ပြန်လည် ကျဆင်း လာခြင်းကြောင့် လိုက်ပါ ကျဆင်းလာကြောင်း စက်သုံးဆီ ဈေးကွက်အတွင်းမှ သိရသည်။
06-Nov-2016 tagged as အိမ် ခြံ
မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အကာအကွယ်များ ပေးနိုင်သည့် ဥပဒေဟူ၍ တိတိကျကျ မရှိခြင်းကြောင့် ယင်းကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မှု နည်းပါးကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်၊၊
04-Nov-2016 tagged as ဆန်
ဆိုးရွားစွာ ကျဆင်းနေသော စပါးဈေးများ ပြန်လည် မြင့်တက်လာရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စပါး ဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
03-Nov-2016 tagged as
ရန်ကုန်မြို့တွင် ဆောက်လုပ်ရေး ဈေးကွက် ကျဆင်းမှုကြောင့် ဆောက်လုပ်ရေး လောကထဲမှ ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ထက်ဝက်ကျော် ရပ်နားမှုများ ရှိလာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရှိရသည်။
02-Nov-2016 tagged as
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA)၏ ခွင့်ပြုချက် မရှိဘဲ တရုတ်နိုင်ငံထုတ် စံမမီဆေးဝါးများကို တင်သွင်းဖြန့်ဖြူး ရောင်းချမှုတွင် တရားလိုဖြစ်သူ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းနေမျိုးကို နိုဝင်ဘာလ ၂ ရက် မွန်းလွဲပိုင်းက တာမွေမြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
02-Nov-2016 tagged as
ခရီးသွား ကုမ္ပဏီများအနေနှင့် Package Tour ခရီးစဉ်များနှင့် Package Tour ခရီးစဉ်များ ရောင်းချရာတွင် နေပြည်တော်ကို ခရီးစဉ် တစ်ခုအဖြစ် ထည့်သွင်း ရောင်းချပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ထားသော်လည်း လက်ရှိတွင် အဆိုပါ ဒေသကို ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု မရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။
01-Nov-2016 tagged as
ဂျပန်နိုင်ငံတွင်ကျင်းပမည့် မြန်မာ- ဂျပန် စီးပွားရေးဖိုရမ်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ၃၂ ယောက်ကို လိုက်ပါခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ် ငန်းရှင်များအသင်းချုပ်(UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ပြောကြားသည်။
30-Oct-2016 tagged as မြန်မာ့ဆန်
တရုတ်နိုင်ငံက အဖမ်းအဆီးများ နေခြင်းကြောင့် ဆန်တင်ပို့မှု လျော့ကျနေသော မြန်မာ့ဆန်ကို ကင်ညာနိုင်ငံက ရသရွေ့ ဝယ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
26-Oct-2016 tagged as
အောက်တိုဘာ လဆန်းပိုင်းက ဈေးနှုန်း တည်ငြိမ်နေသည့် အမေရိကန် ဒေါ်လာမှာ ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ဆက်တိုက် ပြန်လည် မြင့်တက်လာရာ အောက်တိုဘာလ ၂၆ ရက်နေ့၌ ပြင်ပ ဈေးကွက် ပေါက်ဈေး တစ်ဒေါ်လာလျှင် ၁၂၉၂ ကျပ်အထိ ရောက်ရှိလာကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။
"ဘဏ်စတင်တည်ထောင်ကတည်းက ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အရစ်ကျစနစ်နဲ့ အိမ်ရာတွေကို ၀ယ်ယူနိုင်ဖို့ ဖွင့်လှစ်ထားတာပါ။ ချေးငွေယူချင်သူရဲ့ ၀င်ငွေ၊ Profile ကိုကြည့်ပြီး ထုတ်ချေးတာပါ။ ချေးငွေယူသူတွေကို ဘဏ်ဝန်ဆောင်ခက တစ်ရာခိုင်နှုန်း၊ အတိုး နှုန်း ၁၂ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်"
24-Oct-2016 tagged as ဒေါ်လာ
ယခင်လ ဈေးနှုန်းထက် စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၁ဝဝ ဝန်းကျင် မြင့်တက်နေခြင်းမှာ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်း မြင့်တက်ခြင်းနှင့် စင်ကာပူနိုင်ငံမှ တင်သွင်း ရောင်းချသည့် စက်သုံးဆီဈေး မြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင် လုပ်ငန်းရှင်များက ပြောကြားသည်။
မြန်မာ့စီးပွားရေးကို ကမ္ဘာကသိရန် ဖြောင့်မတ်စွာ လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံပြောကြား လိုက်သည်။
19-Oct-2016 tagged as UPI
ကမ္ဘောဇဘဏ်နှင့် တရုတ်နိုင်ငံ အခြေစိုက် Union Pay International (UPI) ကတ်ကုမ္ပဏီတို့ ပူးပေါင်းကာ ပြည်ပနိုင်ငံပေါင်း ၁၆ဝ နှင့် ပြည်တွင်းရှိ ဆိုင်ခွဲပေါင်း ၇ဝဝဝ ကျော်တွင် အသုံးပြုနိုင်မည့် အကြွေးဝယ်ကတ် နှစ်မျိုးကို ထုတ်လုပ်ခဲ့ကြောင်း ကမ္ဘောဇဘဏ် ကတ်ဌာနမှ အထွေထွေ မန်နေဂျာ ဒေါ်ဆွေဇင်ဝင်းက ပြောကြားသည်။
15-Oct-2016 tagged as
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်များ (Bilateral Investment Treaty-BIT) သည် မြန်မာကဲ့သို့ ဖွံ့ဖြိုးစနိုင်ငံများအတွက် အဆိုးထက် အကောင်း ပိုများမည်ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။