News

24-Nov-2016 tagged as ဒေါ်လာ
တစ်ဒေါ်လာလျှင် ၁၃၅၄ ကျပ်အထိ ၁၆ နှစ်ကျော် ကာလအတွင်း စံချိန်တင်ဈေးနှုန်းအဖြစ် မြင့်တက်ခဲ့သော အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် ဒေါ်လာစုထားသူများက ထုတ်ရောင်းလာကြခြင်းကြောင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းကြောင်း ငွေကြေးဈေးကွက် အတွင်းမှ သိရသည်။
23-Nov-2016 tagged as မူဆယ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နှင့် ကွတ်ခိုင် အနီးတို့တွင် နိုဝင်ဘာလ ၂ဝ ရက်နေ့မှစ၍ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လမ်းကြောင်းများ ပိတ်ဆို့ပြီး တရုတ်သို့ တင်ပို့သည့် ကဏန်းအမာ အကောင်ရေ တစ်သိန်း နီးပါးမှာ သေဆုံးကုန်သည့်အတွက် မူဆယ်လမ်းပေါ်တွင် စွန့်ပစ်ခဲ့ရကြောင်း ကဏန်း မွေးမြူတင်ပို့ သူများထံမှ သိရသည်။
22-Nov-2016 tagged as
ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီ (Securities Company) များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ရောင်းချသည့် အစိုးရငွေတိုက် စာချုပ် (Treasury Bond) များကို ဝယ်ယူရမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။
“ကျွန်တော်တို့ အခုရက်ပိုင်းအတွင်း ထုတ်ပြန်ပေးပါ့မယ်။ ဒီလနောက်ဆုံးပတ်လောက်ပေါ့” ဟု အဆိုပါဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆိုသည်
20-Nov-2016 tagged as ရှယ်ယာ ဘဏ်
ပထမပုဂ္ဂလိကဘဏ် (First Private Bank) က ဒီဇင်ဘာလကုန်တွင် အစုရှယ်ယာ တစ်စုကို ကျပ်လေးသောင်းဝန်းကျင်ဖြင့် ရန်ကုန်စတော့အိတ်ချိန်း၌ ရောင်းချမည် ဖြစ်ကြောင်း ယင်းဘဏ်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ပြောကြားသည်။
19-Nov-2016 tagged as
ဘဏ်အချင်းချင်းအကြား အရောင်းအဝယ် ပြုလုပ်သည့် Interbank Market အတွင်း အမေရိကန်ဒေါ်လာ ကြိုရောင်းကြိုဝယ် စနစ်ဖြင့် အရောင်းအဝယ်လုပ်ခြင်းကို ဗဟိုဘဏ်က ခွင့်ပြုထားသော်လည်း နည်းပညာ လိုအပ်ချက်ကြောင့် မလုပ်ကိုင်နိုင်သေးကြောင်း ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများက ပြောကြားသည်။
18-Nov-2016 tagged as
ငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ငွေလဲနှုန်း မြင့်တက်လာမှုကိုဗဟိုဘဏ် အနေဖြင့် ဝင်ရောက် ထိန်းကျောင်းရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။
17-Nov-2016 tagged as
ဆက်တိုက် တက်နေသော အမေရိကန် ဒေါ်လာ ဈေးနှုန်းသည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃ဝ၄ ကျပ်မှ နိုဝင်ဘာလ ၁၇ ရက်နေ့၌ ၁၃၁၆ ကျပ်အထိ ဆက်တက်ကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။
17-Nov-2016 tagged as UMFCCI
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဂျပန်-မြန်မာ အစိုးရအဖွဲ့ အထောက်အပံ့နှင့်အတူ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းပြီး ငါးနှစ်အတွင်း ဂျပန်ယန်းငွေ ၈၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရန် ဝိုင်းဝန်း အကောင်အထည် ဖော်မည့် သဘောတူညီချက်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၇ ရက်နေ့က Japan-Myanmar Association က လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။
16-Nov-2016 tagged as
သန့်ရှင်းမှုအားနည်းပြီး စံနှုန်း ပြည့်မီစွာ မထုတ်လုပ်သည့် ပဲဆီသန့် ကုမ္ပဏီ နှစ်ခုကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန် တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့က ခေါ်ယူ သတိပေးခဲ့ကြောင်း မြန်မာ စားသုံးသူများ သမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်က ပြောကြားသည်။
13-Nov-2016 tagged as ဆန်
ရွှေဘိုပေါ်ဆန်း စပါးတင်းတစ်ရာလျှင် ကျပ် ၁၂ သိန်းခွဲအထိ ပေါက်ဈေး ရှိနေသော်လည်း စပါးဝယ်လက် မရှိတော့ကြောင်း စပါးလှောင်လက်ပွဲစားများနှင့် တောင်သူကြီးများထံမှ စုံစမ်းသိရှိရသည်။
12-Nov-2016 tagged as ရွှေဈေး
ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းခြင်းကြောင့် ပြင်ပဒေါ်လာဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်သို့ ရောက်ရှိကြောင်း ငွေကြေးဈေးကွက် အတွင်းမှ သိရသည်။ “ကမ္ဘာမှာကိုက ဒေါ်လာဈေးနှုန်းက မြင့်နေတာကြောင့်ပါ။ အဲ့ဒါကြောင့်ပဲ အာရှငွေဈေးတွေ တော်တော်များများက နိမ့်ကျနေတယ်လေ။ ကမ္ဘာ့ရွှေဈေးထပ် ကျရင်တော့ ၁၃ဝဝ ကျော် သွားနိုင်ပါတယ်'' ဟု ငွေကြေးဈေးကွက် အတွင်းမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ဦးအတူးလေးက ပြောဆိုသည်။
12-Nov-2016 tagged as FDA
ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ငရုတ်သီးမှုန့်များတွင် အသည်းကင်ဆာ ဖြစ်စေနိုင်သည့် မှိုအဆိပ်ဓာတ် (Aflatoxin) တွေ့ရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။
10-Nov-2016 tagged as
အမေရိကန် သမ္မတအဖြစ် စီးပွားရေး လုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရမ့် တက်ရောက်လာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး အပြောင်းအလဲ များနိုင်ခြင်းကြောင့် ပြည်တွင်း ရွှေဈေးမှာလည်း အတက်အကျ ကြမ်းနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။
10-Nov-2016 tagged as
ဈေးကွက်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များသို့ နေ့စဉ် အမေရိကန် ဒေါ်လာ ရောင်းချပေးနေသော်လည်း ဘဏ်များက ဈေးကွက် အတွင်းသို့ ပြန်လည် ရောင်းချပေးခြင်း မရှိသည့်အတွက် ဈေးကွက်ကို ထိရောက်မှု မရှိကြောင်း နိုင်ငံခြားငွေ ဝယ်ရောင်းများက ဝေဖန်ပြောဆိုသည်။