News

23-Oct-2017
ပြည်တွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသော TMH တယ်လီကွန်းကုမ္ပဏီက ရန်ကုန်စတော့ အိတ်ချိန်းဝင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က The Voice သို့ ပြောကြားသည်။
23-Oct-2017
အီးယူ (ဥရောပသမဂ္ဂ) နိုင်ငံများသို့ ပျားရည်တင်ပို့ရန်မှာ ကုန်ကျစရိတ် အလွန်များပြားသောကြောင့် ကနဦးစပို့သည့်နှစ်တွင် တန်ချိန် အနည်းငယ်သာ တင်ပို့ရန် ဆွေးနွေးနေကြောင်း ပျားမွေးမြူရေး ဦးစီးဌာနထံမှ သိရသည်။
21-Oct-2017
ဘုရင့်နောင် ကြက်သွန်နီဈေးကွက်တွင် တစ်ပတ်အတွင်း ကြက်သွန်တစ်ပိဿာလျှင် ယခင်ထက် ကျပ် ၂၅၀ မှ ၃၀ဝ အထိ ဈေးတက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
20-Oct-2017
၂၀၁၇-၁၈ ဘဏ္ဍာနှစ် ငါးလကျော်အထိ (စက်တင်ဘာလ ပထမပတ်) ပြည်ပနိုင်ငံများသို့ ရေထွက်ပို့ကုန် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃၀၃ သန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
19-Oct-2017
ဘယ်မောင်းများသာ တင်သွင်းရမည်ဆိုသည့် မော်တော်ယာဉ် မူဝါဒသစ်ကြောင့် ကားဝယ်ရောင်းအချို့သည် ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ် ညာမောင်းကားများကို လိုက်လံ ဝယ်ယူစုဆောင်းနေပြီး ရက်ပိုင်းအတွင်း နှစ် ၂၀ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း ၂၀ ကျော် ဈေးတက်ကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။
19-Oct-2017
နိုင်ငံတော်သို့ ရွှေတူးဖော်ကုမ္ပဏီများမှ ပေးသွင်းရန် ကြွေးကျန် ၁၄၁၂၁ ဒသမ ၃၂ ကျပ်သား ကျန်ရှိနေပြီး ပေးသွင်းရန် ပျက်ကွက်သော ရွှေတူးဖော်ရေး ကုမ္ပဏီများကို တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုနေကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။
18-Oct-2017
ပဲဈေးများ ဆက်တိုက်ကျနေခြင်း ကြောင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုနသည်များအသင်းက ဝယ်ယူပေးနေသည့် သတ်မှတ်ဈေးနှုန်းများအတိုင်း ပဲလာရောက် ရောင်းချမှုသည် ရက်ပိုင်းအတွင်း ပဲမျိုးစုံတန်ချိန် တစ်သောင်း သုံးထောင်ကျော်ရှိကြောင်း ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်း တည်ငြိမ်ရေးနှင့် ဝယ်ယူတင်ပို့ရောင်းချရေးအဖွဲ့ စီမံခန့်ခွဲရေး ကော်မတီထံမှ သိရသည်။
17-Oct-2017
ဆန်လိမ်လည်မှုဂယက်ကြောင့် ကျဆင်းနေသော ဆန်ကြမ်းဈေးနှုန်းသည် ယခုအခါ ပြန်လည်မြင့်တက်လာပြီး လက်ကျန်နည်းနေသော ရွှေဘိုပေါ်ဆန်းဈေးနှုန်းများလည်း ထပ်မံ မြင့်တက်ကြောင်း ဝါးတန်းနှင့် ဘုရင့်နောင် ဆန်ဈေးကွက်များအတွင်းမှ သိရသည်။
11-Oct-2017
အိန္ဒိယသို့တင်ပို့ခွင့် အကျပ်အတည်း ဖြစ်နေသော မြန်မာ့ပဲမျိုးစုံကို ဝယ်ယူရန် နီပေါနိုင်ငံဘက်က ကမ်းလှမ်းထားပြီး မည်သည့် ပဲအမျိုးအစားများကို ဝယ်ယူမည်ကို ဆွေးနွေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
08-Oct-2017
ကျပ်သိန်းပေါင်းသောင်းနှင့်ချီ၍ ဆန်လိမ်လည်မှုဂယက် ဖြစ်ပေါ်ပြီးနောက်ပိုင်း နယ်ဒေသများမှ ဆန်ဝင်ရောက်မှု နည်းပါးလာပြီး အရောင်းအဝယ် အေးစက်ကြောင်း ဘုရင့်နောင်နှင့် ဝါးတန်းဆန် ကုန်စည်ဈေးကွက် အတွင်းမှ သိရသည်။
08-Oct-2017
မန္တလေးမြို့မှ တင်ပို့လျက်ရှိသည့် ပဲစင်းငုံဈေးကွက် ရပ်တန့်သွားပြီဖြစ်သည့်အပြင် ဆယ်စုနှစ်အတွင်း အနိမ့်ဆုံး ဈေးအဖြစ် ကျဆင်းသွားကြောင်း မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ထံမှ သိရသည်။
07-Oct-2017
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာလဲနှုန်းသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ပထမပတ်မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ပထမပတ်အထိ တစ်နှစ်အတွင်း တစ်ဒေါ်လာလျှင် ၁၀ဝ ကျပ် မြင့်တက်ကြောင်း ဗဟိုဘဏ်၏ ငွေလဲနှုန်း သတ်မှတ်ချက်များအရ သိရသည်။
07-Oct-2017
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဂျပန်နိုင်ငံ Japan Chamber of Commerce and Industry (JCCI) တို့ ပူးပေါင်း၍ ၁၃ ကြိမ်မြောက် ဂျပန်-မြန်မာ။ မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
05-Oct-2017
ရန်ကုန်တိုင်းတွင် ယခုလပထမ အပတ်မှစ၍ ကြက်သား လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ အထိ ပြန်လည် မြင့်တက်လာကြောင်း ကြက်သားရောင်းချသည့် ဒိုင်များထံမှ စုံစမ်း သိရှိရသည်။
04-Oct-2017
အီးယူ (ဥရောပသမဂ္ဂ) နှင့် မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး စာချုပ်ကို ယခုဘဏ္ဍာနှစ်အတွင်း ချုပ်ဆိုနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။