News

POST TYPE

BUSINESS

မသင်္ကာသည့် ကုန်သေတ္တာများကို စစ်ဆေးမည့် Control Center ဖွင့်
31-May-2017


ရန်ကုန်၊ မေ ၃၁

မြန်မာနိုင်ငံအတွင်းရှိ ဆိပ်ကမ်းများမှ မသင်္ကာသည့် ကုန်သေတ္တာ (ကွန်တိန်နာ)များကို စစ်ဆေးနိုင်မည့် Control Center ကို ယနေ့ (မေလ ၃၁ ရက်) ရန်ကုန်မြို့ရှိ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)တွင် ဖွင့်လှစ်လိုက်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ ၃၅ နိုင်ငံပါဝင်သည့် Container Control Programme (CCP) တွင် ပါဝင်လျက်ရှိရာ ပို့ကုန်၊ သွင်းကုန်များမှ မသင်္ကာသည့် ကုန်သေတ္တာများကို CCP စနစ်နှင့် ချိတ်ဆက် စစ်ဆေးနိုင်ရန် ယင်း Control Center ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။
 
ကုန်သေတ္တာများ စစ်ဆေးထိန်းချုပ်မည့် CCP စနစ်ကို ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့၏ နည်းပညာ အထောက်အပံ့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး CCP စနစ်ကို လက်ရှိဆောင်ရွက်နေသည့် ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်း ထိန်းချုပ်ရေး (MACCS) စနစ်နှင့် ထိန်းချုပ်စစ်ဆေးမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများမှ ကုန်သေတ္တာများကို မသင်္ကာကြောင်း ဆိပ်ကမ်းများက သတင်းပေးပို့လာပါက မည်သည့် ကုန်သေတ္တာကိုမဆို အနီရောင်အဆင့်ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

J-11

  • VIA