POST TYPE

BUSINESS

အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ခုနစ်ထောင်ခန့် ဈေးတက်
19-May-2017 tagged as ရွှေဈေး

ရန်ကုန်၊ မေ ၁၈

တစ်ရက်အတွင်း ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၂၀ နီးပါး မြင့်တက်ခြင်းကြောင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ခုနစ်ထောင်ခန့် မြင့်တက်သွားကြောင်း အခေါက်ရွှေဈေးကွက် အတွင်းမှ သိရသည်။

“ကမ္ဘာ့ဈေးက ဒေါ်လာ ၂၀ နီးပါး မြင့်သွားတာကြောင့် ပြည်တွင်းရွှေဈေးက အခေါက်ရွှေ တစ်ကျပ်သားကို အရင် ၉၀၄,၀၀၀ (ကျပ်) ကနေ ၉၁၁,၀၀၀ အထိ မြင့်တက်လာတာပါ” ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောကြားသည်။

မေလ ၁၇ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၀၄,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မေလ ၁၈ ရက်နေ့ အဖွင့်ဈေးတွင်မူ အခေါက်ရွှေ တစ်ကျပ်သားလျှင်  ၉၁၁,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ 

ကမ္ဘာ့ရွှေဈေးမှာ မေလ ၁၇ ရက်နေ့က တစ်အောင်စလျှင် ၁၂၄၃ ဒေါ်လာ ရှိပြီး မေလ ၁၈ ရက်နေ့၌  ကမ္ဘာ့ရွှေတစ် အောင်စလျှင် ၁၂၆၀ ဒေါ်လာအထိ တက်လာကြောင်း ရွှေဘုံသာ အခေါက်ရွှေ လက်ကားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ 

ရွှေဈေးမြင့်သော်လည်း ရွှေဘုံသာ လက်လီလက်ကား ရွှေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

J-05