POST TYPE
BUSINESS
သင်္ကြန်တွင်း ကွန်တိန်နာများ နေ့ပိုင်း သွားလာခွင့်ရ

ရန်ကုန်၊ ဧပြီ ၎
မြန်မာ့ရိုးရာ သင်္ကြန်ကာလတွင် ကမ်းနားလမ်းသစ် ကွန်ကရစ်လမ်းပေါ်၌ ကုန်သေတ္တာယာဉ်များကို နေ့ပိုင်း သွားလာခွင့်ပေးမည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရှိရသည်။
အဆိုပါ ယာဉ်များကို သင်္ကြန်ကာလတွင် ည ၉ နာရီမှ နံနက် ၆ နာရီအတွင်းနှင့် နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ သွားလာခွင့်ပေးမည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သင်္ကြန်မှာ ဆိပ်ကမ်းတွေက ပိတ်ပေမယ့် ကုန်သေတ္တာတင်ယာဉ်တွေ နေ့ပိုင်းတွေမှာ ဖြတ်သန်းသွားလာခွင့် ပေးထားပါတယ်”ဟု ၎င်းကဆိုသည်။
ထို့ပြင် သင်္ကြန်ကာလတွင် ကမ်းနား လမ်းသစ် ကွန်ကရစ်လမ်းပေါ်တွင်သာ ဖြတ်သန်းသွားလာခွင့် ပေးထားပြီး ကမ်းနားလမ်းဟောင်းပေါ်တွင် ကုန်သေတ္တာယာဉ်များ ဖြတ်သန်းသွားလာပါက အရေးယူမည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။
တိုင်းဒေသကြီးအစိုးရက ကုန်သေတ္တာတင်ယာဉ်များကို ကမ်းနားလမ်းနှင့် ဘုရင့်နောင် လမ်းမကြီးတွင် ည ၉ နာရီမှ နံနက် ၆ နာရီအတွင်း ညပိုင်း သီးသန့် မောင်းနှင်ခွင့် ဒီဇင်ဘာလ ၇ ရက်က ကန့်သတ်ခဲ့ပြီး မတ်လ ၁၆ ရက်က နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီထိ ပြန်လည် မောင်းနှင်ခွင့်ပေးခဲ့သည်။
လက်ရှိတွင် တက္ကသိုလ် စာမေးပွဲများ ဖြေဆိုနေသောကြောင့် နေ့ပိုင်း ဖြတ်သန်းခွင့်ကို ဧပြီလ ၆ ရက်အထိ ခေတ္တ ပိတ်ထားသည်။
J-10
-
26-Apr-2018
-
26-Apr-2018
-
26-Apr-2018
-
26-Apr-2018
-
26-Apr-2018
-
26-Apr-2018
-
22-Apr-2018
-
02-Apr-2018