News

POST TYPE

BUSINESS

ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ Banker of the Year in Asia 2016 ဆု ရရှိ
16-Dec-2016

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် World Finance အဖွဲ့အစည်းက ဘဏ်လုပ်ငန်းတွင် ထူးချွန်စွာ အုပ်ချုပ်စီမံခန့်ခွဲသည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကို Banker of the Year in Asia 2016 ဆုကို ချီးမြှင့်ခဲ့ကြောင်း ကမ္ဘောဇဘဏ်ထံမှ သိရသည်။

အဆိုပါ အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် လန်ဒန်မြို့ရှိ London Stock Exchange တွင် ကျင်းပခဲ့ပြီး ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ဘဏ်လုပ်ငန်းဆိုင်ရာ ထူးချွန်ဆုကို အာရှတိုက်ကိုယ်စား လက်ခံရယူခဲ့ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

ကမ္ဘောဇဘဏ်က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံ အတွင်းသို့ တိုးတက်စီးဝင်လာရန် ကူညီပေးခဲ့ခြင်းဖြင့် အာရှတိုက်၏ စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်စဉ်အတွင်း ပါဝင်နိုင်ခဲ့ကြောင်း World Finance အဖွဲ့က ထုတ်ပြန်ထားသည်။

အထက်ပါ Bankers of the Year 2016 ဆုများကို အာရှတိုက်မှ ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ အပါအဝင် မြောက်အမေရိကတိုက်မှ Citi Bank ၏ CEO Mr. William J Mills၊ အာဖရိကတိုက်မှ Zenith Bank ၏ MD & CEO Mr. Peter Amangbo၊ ဥရောပတိုက်မှ Haitong Bank ၏ CEO Mr. José Maria Ricciardi၊ လက်တင်အမေရိကမှ Grupo Financiero Interacciones ၏ CEO Dr. Gerardo Salazar၊ သြစတြေးလျတိုက်မှ Westpac ၏ MD & CEO Mr. Brian Hartzer နှင့် အရှေ့အလယ်ပိုင်းမှ Arab National Bank ၏ MD & CEO Dr Robert Maroun Eid တို့အား World Finance က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ 

J-13