News

POST TYPE

BUSINESS

ဗဟိုဘဏ်က ဈေးပြိုင်လေလံဖြင့် ဒီဇင်ဘာလ ၄ ရက်နေ့အထိ ဒေါ်လာ ၉ သန်းဝယ်ယူ
05-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၄

ဗဟိုဘဏ်က ဒီဇင်ဘာ ၄ ရက်နေ့ အထိ ဈေးကွက်အတွင်း အမေရိကန် ဒေါ်လာ ၉ သန်း ဝယ်ယူခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဒီလိုဝယ်တာက ဈေးကွက်အတွင်း ဈေးနှုန်းလိုအပ်ချက်တွေကို လိုက်ထိန်းနိုင်အောင်ဝယ်ယူတာပါ။ စီးပွားရေးအရ အကျိုးအမြတ်အတွက် ဝယ်ယူတာမဟုတ်ဘူး” ဟု ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြား သည်။

အဆိုပါလေလံဝယ်ယူခြင်းအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းထားမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၅၀၃ ကျပ်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

လက်ရှိ အမေရိကန်ဒေါ်လာပေါက် ဈေးသည် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၅၀၄ ကျပ်ဖြစ်ပြီး တစ်ပတ်အတွင်း ကျပ် ၁၅၁၅ ကျပ်မှ တဖြည်းဖြည်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာစာရင်းများအရ သိရသည်။

ဗဟိုဘဏ်သည် ပြည်တွင်းငွေလဲလှယ်နှုန်းထားများ တည်ငြိမ်မှုရှိစေရန် ပြင်ပဈေးကွက်ရှိ အမေရိကန်ဒေါ်လာများကို ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူလျက်ရှိပြီး ဒီဇင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင်လည်း ဒေါ်လာ ၆ သန်းခန့်ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

ပြည့်ဖြိုးမြင့်မွန်