News

POST TYPE

BUSINESS

ဂျပန်ချေးငွေဖြင့် ဝယ်ယူထားသော မြို့ပတ်ရထားတွဲဆိုင်းများ ဒီဇင်ဘာလအတွင်း ထပ်မံရောက်ရှိမည်
03-Dec-2019

ရန်ကုန်၊ ဒီဇင်ဘာ ၂

မြို့ပတ်ရထားစီးနင်းသူများနှင့် ရထားစီးနင်းသူများအဆင်ပြေစေရန်အတွက် ဂျပန်ချေးငွေဖြင့် ဝယ်ယူထားသည့် ဂျပန်နိုင်ငံမှ ရထား တွဲဆိုင်း ၃၂စင်း ဒီဇင်ဘာလအတွင်း ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း မြန်မာမီးရထားမှ သိရသည်။

အဆိုပါ တွဲဆိုင်းများမှာ RBE တွဲဆိုင်းများဖြစ်ပြီး စက်ခေါင်းပျက်နေသည့် ရထားတွဲများနေရာတွင် အစားထိုး ထည့်သွင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားတိုင်း အမှတ်(၇) (ရန်ကုန်)မှလက်ထောက်တိုင်း မန်နေဂျာ ဦးကျော်မျိုးလွင်က ပြောကြားသည်။

ဓဂျပန်ချေးငွေနဲ့ ဝယ်ယူထားသည့် တွဲဆိုင်းတွေမရောက်ခင်မှာ ဂျပန် နိုင်ငံက အတန်သင့်ကောင်းမွန်သေးတဲ့ တွဲဆိုင်းတွေရောက်လာမယ်။ ရောက်လာရင်တော့ ခရီးသည်တွေအတွက် အဆင်ပြေမယ်။ စက်ခေါင်းပျက်၊ ပျက်နေတဲ့ ပြသာနာလျော့သွားမယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ပြေးဆွဲနေသော ရထားများမှာ RBE များမှာ မကြာခဏချို့ယွင်းမူ့များ၊ စက်ခေါင်းပျက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်းရပြီး ခရီးသည်များအတွက် အဟန့်အတားဖြစ်နေပြီး အသစ်ရောက်ရှိမည့် RBE တွဲဆိုင်များဖြင့် အစားထိုးပြေးဆွဲနိုင်ပါက ၂၀၂၀ခု နှစ် မတိုင်ခင်ကာလတွင် အတိုင်းအတာ တစ်ခုထိ ချောချောမွေ့မွေ ပြေးဆွဲပေးနိူင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပတ်ရထားလက်မှတ်ခ ဈေးနှုန်းများမှာ ခရီးစဉ်အစမှ ၁၅မိုင်အထိ ငွေကျပ် ၁၀၀နှုန်း၊ ၁၅မိုင် အထက်နှင့်မြို့တစ်ပတ်လုံးကို ငွေကျပ် ၂၀၀သတ်မှတ်ထားပြီးမနက် ၄နာရီမှ ည ၁၀ နာရီထိ ပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း မြို့ပတ်နှင့်ဆင်ခြေဖုံးတွင် ယခုလက်ရှိ RBE ရထားတွဲဆိုင်း ၂၀ ဆိုင်းဖြင့် တစ်ရက်လျှင် အခေါက်ရေ ၁၈၃ ခေါက်ဖြင့် ခရီးသည်ပို့ဆောင်နေကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

(J - 10)



  • VIA