News

POST TYPE

BUSINESS

မြို့နယ်ပေါင်းစုံမှ တိုက်ခန်း၊ ကွန်ဒိုများ အရစ်ကျစနစ်၊ အထူး ပရိုမိုးရှင်းများဖြင့် ပြသရောင်းချမည်
24-Nov-2019

ရန်ကုန် ၊ နိုဝင်ဘာ ၂၄
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ကွန်ဒိုများ၊ တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ဘဏ်များနှင့် ချိတ်ဆက်ဝယ်ယူနိုင်မည့် ဆဌမအကြိမ်မြောက် အိမ်ရာအရောင်းပြပွဲကြီးကို နိုဝင်ဘာ ၂၄ ရက်မှ ၂၅ ရက်ထိ နှစ်ရက်တာ ပြသရောင်းချသွားမည်ဖြစ်ကြောင်း Myanmar Development Association(MDA) မှ သိရသည်။
 
အဆိုပါကွန်ဒိုများနှင့်တိုက်ခန်းများကို တိုက်ရိုက်အရစ်ကျစနစ်၊ နှစ်ရှည်အရစ်ကျစနစ်၊ ပရိုးမိုးရှင်းများ ဘဏ်များနှင့် ချိတ်ဆက်ဝယ်ယူနိုင်မည်ဖြစ်ပြီး ပါဝင်ပြသည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြား သားများကို ရောင်းချနိုင်သည့် စုပေါင်းပိုင်ဆိုင်ရာ အဆောက်အအုံများကို အဓိကထားပြီး ရောင်းချသွားမည်ဖြစ်ကြောင်း ဟု (Mya nmar Development Association)(MDA) ၏ အဖွဲ့ဝင် ကိုကျော်ကျော်နိုင်က ပြောကြားသည်။
 
“ဒီအိမ်ရာပြပွဲကတော့ ခြောက်ကြိမ်မြောက် ပြသတာဖြစ်ပါတယ်၊ ဒီမှာလာရောက်ပြသတဲ့ ကုမ္ပဏီပေါင်း ၁၅ ခု လောက်ရှိပါတယ်၊ သိန်းတစ်ထောင်ကျော်က စတဲ့ကွန်ဒိုတွေလည်းပါပါတယ်၊ရောင်းချတဲ့ပုံစံကတော့ Home Loan ကတော့ လက်ရှိလည်းအောင်မြင်တယ်၊ တော်တော်များများကလည်း Home Loan  နဲ့ ဝယ် တာဖြစ်တဲ့ အတွက်ကြောင့်မို့ အဆောက်အဦးတစ်ခုပြီးပြီဆိုရင် ၂၅ ရာခိုင်နှုန်းက သိန်း ၂၅၀ ပေးပြီး၊ ကျန်တဲ့ ၇၅၀ ကို လျောက်ထားတဲ့သူက အသက်အရွယ် ပေါ်မူတည်ပြီးတော့ ၂၅ နှစ်အထိ မြန်မာနိုင်ငံက ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဘဏ်တွေမှာ လျှောက်ထားနိုင်ပါတယ်“ဟု ၎င်းကဆိုသည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်း ၊လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား ၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွှန့်၊ အင်းစိန် ၊ ဗဟန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ မြို့နယ်များအပါအဝင် အခြားသောမြို့နယ်များရှိ ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီး အဆောက်အအုံ ပရောဂျက်များကို အရစ်ကျစနစ်၊ အထူးပရိုမိုးရှင်း စနစ်များဖြင့် ပြသရောင်းချသွားမည်ဖြစ်ပြီး ကြိုပွိုင့်တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ပေးချေဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
Myanmar Development Association(MDA)မှ တိုက်ရိုက်ရောင်းချပေးမည့် ဆဌမအကြိမ်မြောက် အိမ်ရာအရောင်းပြပွဲ ဖွင့်ပွဲနှင့် Benhur showroom ပြခန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီက အမှတ်(၂၂/၂၃)ရန်ကုန်မြို့၊မင်းဓမ္မလမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ 
 
(J-10)



  • VIA