News

POST TYPE

BUSINESS

မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်သို့ လုပ်ငန်းရှင် ၃၂ ယောက် စီမံဘဏ္ဍာဝန်ကြီးဌာန လိုက်ပါခွင့်ပြုမည်
01-Nov-2016
ရန်ကုန်၊ နိုဝင်ဘာ ၁

ဂျပန်နိုင်ငံတွင်ကျင်းပမည့် မြန်မာ- ဂျပန် စီးပွားရေးဖိုရမ်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ၃၂ ယောက်ကို လိုက်ပါခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ် ငန်းရှင်များအသင်းချုပ်(UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ပြောကြားသည်။

အဆိုပါဖိုရမ်သည် နိုင်ငံတော် အတိုင်ပင်ခံ၏ ဂျပန်နိုင်ငံခရီးစဉ်နှင့် သက်ဆိုင်ခြင်းမရှိဘဲ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၏ ခေါ်ယူမှုဖြင့် လိုက်ပါခွင့် ရရှိခြင်းဖြစ်ကြောင်းက ရှင်းပြသည်။

“ဒီအဖွဲ့က သက်သက်သွားမှာပါ။ နိုင်ငံတော်အတိုင်ပင်ခံ ခရီးစဉ်နဲ့ မဆိုင်ပါဘူး။ ဆွေးနွေးကြမှာတွေကတော့ အစုံပဲ။ ဒီကလိုက်မယ့်သူတွေမှာလည်း ကဏ္ဍစုံက ပါပါတယ်”ဟု ဒေါက်တာမောင်မောင်လေးက ပြောဆိုသည်။

မြန်မာ-ဂျပန် စီးပွားရေးလုပ်ငန်း ရှင်များ ပူးပေါင်း၍ နိုဝင်ဘာလ ၈ ရက်နေ့ တွင် ဂျပန်နိုင်ငံ၌ စီးပွားရေးဖိုရမ်တစ်ခု ကျင်းပမည်ဖြစ်ကြောင်း UMFCCI ထံမှ သိရသည်။ 

ဂျပန်နိုင်ငံခရီးစဉ်တွင် နိုင်ငံတော် အတိုင်ပင်ခံ၏ ခရီးစဉ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခရီးစဉ်နှစ်ခု ရောသွားခြင်းကြောင့်ဖြစ်ပြီး စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနမှ စီးပွားရေးဖိုရမ်အတွက် လုပ်ငန်းရှင်များကို ခေါ်သွားခြင်းဖြစ်ကာ နိုင်ငံတော်အတိုင်ပင်ခံ ခရီးစဉ်၌ မည်သည့် လုပ်ငန်းရှင်များမျှ ခေါ်သွားမည်မဟုတ် ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောကြားသည်။ 

“UMFCCI က သူတို့ဟာ သူတို့ ရွေးပြီး အယောက် ၃ဝ ကျော ်စာရင်းပေးလိုက်တယ်။ ဒါကိုလုပ်ငန်းရှင်တွေက မကျေနပ်ရင  ကို ပြောရမှာ။ နိုင်ငံတော် အတိုင်ပင်ခံ ခရီးစဉ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေ လုံးဝမပါဘူး။ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနနဲ့အတူ သူတို့သွားမှာပါ”ဟု ၎င်းက ပြောဆိုသည်။

လတ်တလော နိုင်ငံတော်အတိုင်ပင်ခံ ၏ နိုဝင်ဘာ ၁ ရက် မှ ၅ ရက်ထိ သွားရောက်မည့် ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း စီးပွားရေး လုပ်ငန်းရှင်များ ခေါ်ယူသွားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းမှာ ဟုတ်မှန်ခြင်း မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက အောက်တိုဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန် ထားသည်။


  • VIA