News

POST TYPE

BUSINESS

စက်သုံးဆီဈေး ထပ်ကျ
26-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ဆက်တိုက်ကျဆင်းလာသော စက်သုံးဆီးဈေးနှုန်းများသည် ယခုအခါ ထပ်မံကျဆင်းလာကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကထက် စက်သုံးဆီအမျိုးအစားအားလုံးသည် တစ်လီတာလျှင် ၁၀ မှ ၁၅ ကျပ်အထိ ထပ်မံကျဆင်းပြီး နိုဝင်ဘာ ပထမပတ်ကထက် အောက်တိန်း ၉၂ နှင့် ၉၅ တစ်လီတာလျှင် ၉၅ မှ ၁၀၀ ကျပ် အထိနှင့် ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၂၀ မှ ၂၅ ကျပ်အထိကျဆင်းကြောင်း ဆက်လက်ကျဆင်းလာနိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိအောက်တိန်းဆီဈေးနှုန်းများသည် သြဂုတ်လမှ နိုဝင်ဘာလအထိ လေးလအတွင်း အနိမ့်ဆုံးဈေးနှုန်းများအဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးသည် ပြည်ပဈေးဆက်တိုက်ကျဆင်းခြင်းကြောင့် လိုက်ပါကျဆင်းလာခြင်းဖြစ်ပြီး ပြည်ပဈေးသည် နိုဝင်ဘာပထမပတ်ကထက် အောက်တိန်း ၉၂ နှင့် ၉၅ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၄ နှင့် ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ် တစ်စည်လျှင် ၁၄ ဒေါ်လာခန့်ကျဆင်းကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိစက်သုံးဆီဈေးကွက်အတွင်း ဒီဇယ်တစ်လီတာလျှင် ၁၀၅၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၁၀၅၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၉၀၀ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၅၀ ကျပ် ဈေးရှိကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

S-04