POST TYPE
BUSINESS
တာဝါတိုင် မီးစက်ထဲရှိ ဒီဇယ်ဆီများ ခိုးယူရောင်းချသူ ငါးဦးကို ဖမ်းမိ
21-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၂၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥတိုကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာရှိ တာဝါတိုင်တွင် အသုံးပြုနေသော မီးစက်ထဲရှိ ဒီဇယ်ဆီများ ခိုးယူရောင်းချနေသည့် အမျိုးသားငါးဦးကို နိုဝင်ဘာလ ၁၉ ရက်က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ဖမ်းဆီးခံရသူများမှာ နိုဝင်ဘာလ ၁၉ ရက် နံနက်အစောပိုင်းက အင်ကုန်းကျေးရွာတွင် ဆောက်လုပ်ထားသော ဧရာဝတီ ဂရင်းတာဝါလီမိတက် ကုမ္ပဏီပိုင် တာဝါတိုင်ရှိ မီးစက်ထဲမှ ဒီဇယ်ဆီ ၃၅၀ လီတာကို ခိုးယူပြီး ပရိုဘောက်ယာဉ်ဖြင့် သယ်ဆောင်ကာ တိုက်ကြီးမြို့နယ်အတွင်း သွားရောက်ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
“တာဝါတိုင် မြေပိုင်ရှင်က ခြံဝင်းထဲမှာ ပရိုဘောက်ကားတစ်စီးနဲ့ လူတစ်စု ရောက်နေတယ်လို့ ကုမ္ပဏီက တာဝန်ရှိသူကို လှမ်းအကြောင်းကြားခဲ့တယ်။ ကုမ္ပဏီတာဝန်ရှိသူက ဥတိုရဲကင်းထံ အကြောင်းကြားပြီး အတူသွားရောက် စစ်ဆေးရာက ပရိုဘောက် ကားတစ်စီး၊ လူငါးယောက်နဲ့ ဆီပုံးအလွတ် ၉ ပုံး၊ ဆီစုပ်ပိုက်တစ်ချောင်းတို့ကို သိမ်းဆည်း ရမိခဲ့တယ်။ သူတို့ကို စစ်ဆေးမေးမြန်းတော့ မီးစက်ထဲက ဆီတွေ ခိုးယူရောင်းချခဲ့ပြီး နောက်တစ်ကြိမ် ခိုးယူဖို့ ထပ်ရောက်လာတာလို့ သိရတယ်”ဟု ရဲအရာရှိက ပြောသည်။
အဆိုပါ ဒီဇယ်ဆီများ ခိုးယူရောင်းချသည့်အဖွဲ့တွင် အင်ဂျင်နီယာတစ်ဦးနှင့် ကုမ္ပဏီတစ်ခုမှ တိုင်တက်ဝန်ထမ်းနှစ်ဦး ပါဝင်ပြီး ကျန်နှစ်ဦးမှာ ပန်းရန်လုပ်ကိုင်သူနှင့် ပရိုဘောက်ယာဉ်မောင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ၎င်းတို့ ငါးဦးကို တိုက်ကြီးမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
S-03
- VIA
- Voice Admin
- SOURCES
- The Voice
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021