POST TYPE
BUSINESS
ငွေကြေးအရှုပ်အရှင်းရှိသူ ၁၂ ဦးကို ဆန်စပါးအသင်း ထုတ်ပယ်
17-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၆
ဆန်ဝယ်ယူပြီး ငွေကြေးအကျေအလည်မပေးသူ ၁၂ ဦးကို မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ အသင်းဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ထံမှ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ အသင်းဝင်အဖြစ်မှ ပယ်ဖျက်သည့်အပြင် ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) နှင့် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) တို့တွင် ရောင်း/ဝယ်ခွင့်ကိုပါ တားမြစ်လိုက်ခြင်းဖြစ်ပြီး ယင်းကုန်စည်ဒိုင်များတွင်လည်း အသိပေးကြေညာထားကြောင်း ယင်းကုန်စည်ဒိုင်ထံမှ သိရသည်။
“ဒီလူတွေက ငွေကြေးအပြည့်အဝမရှင်းဘဲ ပြစ်မှုကျူးလွန်ထားတဲ့အတွက် ကုန်စည်ဒိုင်တွေထဲမှာလည်း ဝယ်ခွင့်ပယ်ဖျက်လိုက်တယ်။ အသင်းသားမဟုတ်တော့ဘူး။ ကုန်စည်ဒိုင်နဲ့လည်း မပတ်သက်တော့ပါဘူး” ဟု ဘုရင့်နောင်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဦးသာအေး (ခ) ဦးသန်းထိုက်စိုး အသင်းဝင် အမှတ် ၁၃၅၂၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ဦးညီညီအောင် အသင်းဝင် အမှတ် ၁၀၅၂၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဦးကျော်ဇင်သက် (ခ) စောမောင် အသင်းဝင်အမှတ် ဝ၅၅၄၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဦးဇော်လင်းဦး အသင်းဝင်အမှတ် ၁၂၃၅၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဦးမျိုးမြင့် အသင်းဝင်အမှတ် ၁၅၁၀၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဦးခင်မောင်သော် (ခ) ဦးပေါ်လေး အသင်းဝင်အမှတ် ဝ၁၇၆ တို့ကို ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ဒေါ်စုစုလှိုင် အသင်းဝင်အမှတ် ၂၃၁၆၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဦးသိန်းနိုင်၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဦးသန့်ဇင် အသင်းဝင်အမှတ် ဝ၃၆၀၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) မသီတာဝင်း အသင်းဝင်အမှတ် ၁၆၂၅၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဦးမင်းဆွေ (ခ) အောင်ဆွေဦး အသင်းဝင်အမှတ် ဝ၀၉၀၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဦးနိုင်ထူးဝင်း အသင်းဝင်အမှတ် ဝ၀၆၆ တို့ကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ဆန်စပါးကုန်စည်ဒိုင်များတွင် ဆန်ရောင်း/ ဝယ်သူများအနေနှင့် ငွေကြေးအရှုပ်အရှင်းများ မပြုလုပ်နိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်းများကိုလည်း ထပ်မံတင်းကျပ်ထားကြောင်း ဦးသန်းဦးက ပြောဆိုသည်။
J-11
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
20-Feb-2019
-
15-Feb-2019