News

POST TYPE

BUSINESS

တစ်ဒေါ်လာ ၁၆၀၀ ကျပ်သို့ ပြန်ရောက်
11-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၁

ဆက်တိုက်ပြန်တက်လာသော ဒေါ်လာဈေးသည် အောက်တိုဘာလ ၁၁ ရက်တွင် ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၁၆၀၀ ကျပ်သို့ ပြန်လည်ရောက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ဒေါ်လာဈေးနှုန်းများသည် အောက်တိုဘာ ဒုတိယပတ်အတွင်း တစ်ရက်လျှင် ၁၅ ကျပ်နှုန်းဖြင့် ပြန်လည် မြင့်တက်လာခြင်းဖြစ်ပြီး ယခုတစ်ပတ်အတွင်း တစ်ဒေါ်လာလျှင် ၈၅ ကျပ်အထိမြင့်တက်သွားခြင်း ဖြစ်သည်။

ထိုသို့ဒေါ်လာဈေးနှုန်းများ ဆက်တိုက်ပြန်လည်မြင့်တက်လာခြင်းမှာ ပို့ကုန်မှရသည့် နိုင်ငံခြားငွေ (Earning) ဈေးနှုန်းမြင့်တက်ခြင်းကြောင့် မြင့်တက်ခြင်းဖြစ်ပြီး Earning ဈေးသည် အောက်တိုဘာ ၈ ရက်နေ့ကထက် တစ်ဒေါ်လာလျှင် ၄၀ ကျပ်အထိမြင့်တက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

အောက်တိုဘာလ ပထမပတ်အတွင်းက အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) မှ အဖမ်းအဆီးများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေါ်လာဈေးသည် ခေတ္တကျခဲ့ခြင်းသာဖြစ်ပြီး အစိုးရအနေဖြင့် ဒေါ်လာဈေးနှုန်းပုံမှန်အခြေအနေသို့ ရောက်ရှိရန်ဖြေရှာရမည်ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။

S-04