News

POST TYPE

BUSINESS

နိုင်ငံတကာအဆင့်မီ စက်မှုဇုန်သစ် ဖော်ထုတ်ရန် အမေရိကအခြေစိုက် လုပ်ငန်းရှင်ကမ်းလှမ်းဟု ပဲခူးအစိုးရထုတ်ပြန်
05-Oct-2018



ပဲခူး၊ အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီးတွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်သစ် ဖော်ထုတ်ရန် အမေရိကအခြေစိုက် လုပ်ငန်းရှင်တစ်ဦးက လာရောက်ကမ်းလှမ်းခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီးအစိုးရက ယနေ့သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းတွင် အမေရိကအခြေစိုက် MDS Investment LLC မှ President ဖြစ်သူ ဒေါ်ကေသီဝင်းနှင့်အဖွဲ့က လာရောက်တွေ့ဆုံခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကုမ္ပဏီတာဝန်ရှိသူမှာ ပရိဘောဂပစ္စည်းများအား အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင် အဓိကထား ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ လက်ရှိတွင် အမေရိကန်၌ ခိုင်မာသော ဈေးကွက်တစ်ခု ရရှိထားပြီးဖြစ်၍ မြန်မာနိုင်ငံတွင် ပရိဘောဂပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံများ တည်ထောင်ရန်အတွက် လာရောက်ကမ်းလှမ်းရခြင်းဖြစ်ကြောင်း ဆွေးနွေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပဲခူးတိုင်းတွင် နိုင်ငံတကာအဆင့်မီ ပရိဘောဂ စက်မှုဇုန်တည်ဆောက်ခွင့်ရပါက ပဲခူးဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်ဟု ရှင်းပြခဲ့ကြောင်း ဝန်ကြီးချုပ်က နိုင်ငံသူ/သား အကျိုးကိုရှေးရှု၍ မည်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို ကြိုဆိုကြောင်း ပြန်လည်ရှင်းပြခဲ့သည်ဟု တိုင်းဒေသကြီးအစိုးရက ယနေ့ထုတ်ပြန်သည်။

R-15
ဓာတ်ပုံ-ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့