News

POST TYPE

BUSINESS

ဒေါ်လာဈေး ဆက်တိုက်ကျ
24-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂၄

ဈေးကစားသူများကို အရေးယူမည်ဟု ပြောဆိုပြီးနောက်ပိုင်း ဆက်တိုက်ကျဆင်းလာသော အမေရိကန်ဒေါ်လာဈေးသည် ယနေ့ (စက်တင်ဘာလ ၂၄ ရက်) တွင် ဆက်လက်ကျဆင်းလျက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ဒေါ်လာဈေးသည် ဈေးပိတ်ခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ကထက် ယနေ့တစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၂၅ ကျပ်အထိ ကျဆင်းနေပြီး ဆက်လက်ကျဆင်းနိုင်ခြေရှိကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။

ယနေ့ပြင်ပဒေါ်လာအဖွင့်ဈေးသည် တစ်ဒေါ်လာလျှင် ၁၆၀၅ ကျပ်ဖြင့် ဖွင့်လှစ်လာခဲ့ပြီး နေ့လယ်ပိုင်း၌ ဆက်လက်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

လက်ရှိဒေါ်လာဈေးသည် ပြင်ပ၌ တစ်ဒေါ်လာလျှင် ၁၅၉၀ ကျပ်၊ ပုဂ္ဂလိက ဘဏ်များ၌ တစ်ဒေါ်လာလျှင် ၁၆၀၀ ကျပ်နှင့် ဗဟိုဘဏ်ဈေးနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၅၉၀ ကျပ်ဈေးရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04


  • VIA