News

POST TYPE

BUSINESS

အှနျလိုငျး ဈေးကှကျတှငျ ရောငျးခနြသေည့ျေ ဆးဝါးမြားကို FDA ခှင့ျပွုမထား
07-Oct-2016
ရန်ကုန်၊ စက်တင်ဘာ ၇

အွန်လိုင်း ဈေးကွက်တွင် ရောင်းချနေသည့် ဆေးဝါးများကို FDA ခွင့်ပြု မထားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောကြားသည်။
 
အွန်လိုင်း ဈေးကွက်နှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာ အသုံးပြုခြင်းနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို တောင့်တောင့်တင်းတင်း ဖြစ်လာရန် ထိန်းသိမ်းရန် လိုအပ်နေကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

“အွန်လိုင်းကို မလုပ်ပါနဲ့လို့ ကျွန်တော်တို့က မေတ္တာရပ်ခံ ပေးနေရတယ်။ Overclaim (အပိုပြောခြင်း)တွေများလို့ FDA အနေနဲ့တော့ ဘယ်တုန်းကမှ ခွင့်မပြုထားဘူး၊ ဝတဲ့သူကနေ ပိန်သွားတယ်တို့၊ ဒီဆေးစားလို့ ဉာဏ်သိပ်ကြီးသွားတယ်တို့”ဟု ဒေါက်တာသန်းထွဋ်က ဆိုသည်။

အွန်လိုင်းပေါ်တွင် ရောင်းချနေသည့် ဆေးဝါးများတွင် အမေရိကန်နိုင်ငံမှ ဆေးဝါးဟုဆိုကာ ရောင်းချနေသည့် ဆေးများတွင်လည်း အမေရိကန် နိုင်ငံထုတ် ဆေးဝါးတိုင်း စိတ်မချရကြောင်း ဆေးဝါး အတုများလည်း ရှိနေသည့်အတွက် သတိထား ဝယ်ယူသင့်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာနက ဒုတိယဌာနမှူး ဒေါက်တာသန်းသန်းလွင်က ပြောကြားသည်။ 
FDA အနေဖြင့် အွန်လိုင်းဈေးကွက်ကို ခွင့်ပြုထားခြင်း မရှိသည့်အပြင် ကြော်ငြာခြင်းများကိုလည်း ခွင့်မပြုထားကြောင်း၊ ဆိုင်းဘုတ် တင်ချင်ပါကလည်း တရားဝင် ဆေးဝါးဖြစ်မှသာ ကြော်ငြာရန် လျှောက်ထားနိုင်ပြီး အလွန် ကြော်ငြာထားခြင်း ဖြစ်ပါကလည်း ခွင့်မပြုကြောင်း ဒေါက်တာသန်းထွဋ်က ရှင်းပြသည်။

၂ဝ၁၆ ခုနှစ်စမှ ယခုလအထိ FDA က အစားအသောက်၊ အလှကုန်နှင့် ဆေးဝါးများအတွက် တရားစွဲဆိုထားသည့် အမှုပေါင်း တစ်ရာခန့် ရှိကြောင်း အဆိုပါ ဌာနထံမှ သိရသည်။


  • VIA