News

POST TYPE

BUSINESS

တစ်ဒေါ်လာ ၂၅ ကျပ် ပြန်ကျ
30-Aug-2018 tagged as


ရန်ကုန်၊ ဩဂုတ် ၃၀

အတက်အကျ ငြိမ်သက်ခြင်းမရှိသော အမေရိကန် ဒေါ်လာဈေးနှုန်းများသည် ပြီးခဲ့သည့်ရက်ပိုင်းကထက် တစ်ဒေါ်လာလျှင် ၂၅ ကျပ်အထိ ပြန်လည်ကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ပြင်ပဈေးကွက်အတွင်း ဩဂုတ် ၂၈ ရက်နေ့က တစ်ဒေါ်လာ ၁၅၅၀ ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့ရာမှ ဩဂုတ်လ ၃၀ ရက်နေ့တွင် တစ်ဒေါ်လာ ၁၅၂၅ ကျပ်သို့ ပြန်လည် ကျဆင်းလာခြင်းဖြစ်သည်။

ထိုသို့ ဒေါ်လာဈေး အတက်အကျ ကြမ်းတမ်းနေခြင်းကို ပညာရှင်များက စိုးရိမ်နေကြပြီး ယင်းမှာနိုင်ငံ့စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း ၎င်းတို့ကဆိုသည်။

“အများကြီးတက်ပြီး အများကြီး ကျသွားတာ ဈေးကွက်မူမမှန်တာပဲ။ ဒါ မြန်မာ့စီးပွားရေးကို ကောင်းစေတဲ့လက္ခဏာတော့ မဟုတ်ဘူး”ဟု ဘဏ်လုပ်ငန်း အကြံပေး ဦးသန်းလွင်က ပြောဆိုသည်။

ဩဂုတ်လအတွင်း ပြင်ပဒေါ်လာဈေးသည် တစ်ဒေါ်လာ ၁၀ ကျပ်မှ ၅၀ ကျပ်ကျော်အထိ အတက်အကျဖြစ်ပေါ်ပြီး တစ်ဒေါ်လာ ၁၅၀၀ ကျပ်မှ ၁၅၅၀ ကျပ်ကြားတွင် အတက်အကျဖြစ်ပေါ်လျက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ၌ ပြင်ပဈေးသည် တစ်ဒေါ်လာလျှင် ၁၅၂၅ ကျပ်၊ ပုဂ္ဂလိကဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၅၂၅ ကျပ်နှင့် ဗဟိုဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၅၁၅ ကျပ်ဈေးရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04

  • TAGS