POST TYPE
BUSINESS
အခေါက်ရွှေဈေး ကိုးသိန်းခွဲကျော်အထိရောက်
14-Aug-2018

ရန်ကုန်၊ ဩဂုတ် ၁၃
ဆက်တိုက်မြင့်တက်လျက်ရှိသော ပြည်တွင်းရွှေဈေးမှာ ယခုအခါ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းခွဲ ကျော်အထိ ရောက်ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
“ဒေါ်လာကျရင်တော့ ရွှေဈေးက ကျနိုင်ခြေရှိတယ်။ မဟုတ်ရင် ရွှေဈေးက ဆက်တက်နိုင်ပါတယ်”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။
ဒေါ်လာဈေးတက်ခြင်းနှင့် ဈေးကွက်အတွင်း ရွှေကုန်ကြမ်းဝင်ရောက်မှု နည်းပါးနေခြင်းတို့ကြောင့် ရွှေဈေးဆက်လက် မြင့်တက်နေဦးမည်ဖြစ်ကြောင်း ရွှေကုန်သည်ကြီးများက သုံးသပ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၄၁,ဝ၀၀ ကျပ်မှ စတင်ကာ ဆက်တိုက်မြင့်တက်နေခြင်းဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်နေ့၌ အခေါက် ရွှေတစ်ကျပ်သားလျှင် ၉၅၁,ဝ၀၀ ကျပ် အထိ တစ်လအတွင်း ကျပ်တစ်သောင်း ဈေးတက်ခြင်းဖြစ်ကြောင်း ရွှေဘုံသာ အခေါက်ရွှေ လက်ကားဈေးကွက်အတွင်းမှ သိရသည်။
J-05
- VIA
- Thura Htun
- SOURCES
- The Voice
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
15-Feb-2019