POST TYPE
BUSINESS
ရွှေတစ်ကျပ်သား ကျပ်တစ်သောင်းခန့် ဆက်တက်
26-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၅
ပြည်တွင်းရွှေဈေးမှာ ဇူလိုင်လဆန်းပိုင်းမှစတင်ကာ တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး သီတင်းနှစ်ပတ်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းနီးပါး ဈေးတက်ကြောင်း ရွှေဘုံသာ အခေါက်ရွှေ လက်ကားဈေးကွက်အတွင်းမှ သိရသည်။
“ကမ္ဘာ့ရွှေဈေး ကျနေပေမယ့် ပြည်တွင်းမှာက ရွှေကုန်ကြမ်းဝင်ရောက်မှု အားနည်းနေပြီး ဒေါ်လာဈေးက မြင့်နေတာရယ်ကြောင့် ရွှေဈေးက အမြင့်ပိုင်းမှာ ဆက်ရှိနေပါဦးမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
ရွှေလက်ကားဈေးကွက်အတွင်း ဝယ်လိုအားရောင်းလိုအားမျှသော်လည်း ရွှေအထည်ဈေးကွက်မှာမူ ဝယ်လိုအား ကျဆင်းလျက်ရှိကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့က ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၃၈,ဝ၀၀ ကျပ်၊ ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၂၅၄ ဒေါ်လာဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၉၄၆,ဝ၀၀ ကျပ်၊ ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၂၆၀ ဒေါ်လာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
J-05
- SOURCES
- The Voice
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021