News

POST TYPE

BUSINESS

မြန်မာ့စီးပွား ဖွံ့ဖြိုးရေး ဗြိတိန်အစိုးရက ကန်ဒေါ်လာ သန်း ၂၀၀ ကူညီ
26-Jul-2018
ရန်ကုန်၊ ဇူလိုင် ၂၅

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ဗြိတိန်အစိုးရက အမေရိကန် ဒေါ်လာသန်း ၂၀၀ ကူညီမည်ဖြစ်ကြောင်း မန္တလေးတိုင်း ကုန်သည်စက်မှုအသင်း (MRCCI) ထံမှ သိရသည်။

ဇူလိုင်လ တတိယပတ်အတွင်းက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဒန်ချက် ဦးဆောင်သည့်အဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာကိစ္စများ ဆွေးနွေးပွဲတွင် ယင်းသို့ကူညီသွားမည့်အစီအစဉ်ကို ပြောကြားခြင်းဖြစ်ကြောင်း MRCCI ၏ ထုတ်ပြန်ချက်အရသိရသည်။

ဗြိတိန်အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးများအတွက် ပိုမိုလုပ်ဆောင်နိုင်ရေး နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဗြိတိန် သံအမတ်ကြီးက ပြောဆိုကြောင်း MRCCI ထံမှသိရသည်။ 

ဗြိတိန်နိုင်ငံသည် ဂျပန်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံကို ဒုတိယအများဆုံးအကူ အညီပေးသည့်နိုင်ငံဖြစ်ပြီး လာမည့် စက်တင်ဘာလအတွင်း၌လည်း မန္တလေးမြို့၌ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း MRCCI ထံမှသိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အတည်ပြုပြီး အဆိုပါကူညီမှုသည် လက်ရှိဆောင်ရွက်နေသော ဗြိတိန်၏ မြန်မာအပေါ် ကူညီမှုများပါဝင်ကြောင်း သံရုံးပြောခွင့်ရသူက ရှင်းပြသည်။

J-01


  • VIA