News

POST TYPE

BUSINESS

စက်သုံးဆီဈေး ထပ်တက်
13-Jul-2018


ရန်ကုန်၊ ဇူလိုင် ၁၂

ဒေါ်လာဈေး ဆက်တိုက်တက်နေခြင်းကြောင့် စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်ကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီဈေးသည် ဇူလိုင်လပထမပတ်အတွင်းက လက်လီဈေးကွက်တွင် တစ်လီတာလျှင် ၁၀ ကျပ်မှ ၁၅ ကျပ်အထိ မြင့်တက်ခဲ့ရာမှ ယခုအခါ တစ်လီတာလျှင် ၁၀ ကျပ်ခန့် ဈေးထပ်တက်ကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ စက်သုံးဆီဈေးကွက်အတွင်း Mops ဈေးနှုန်းများ ငြိမ်သက်နေသော်လည်း ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်နေသည့်အတွက် ဆက်လက်မြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိအခြေအနေအရ စက်သုံးဆီဈေးသည် ဒေါ်လာဈေးအပြောင်းအလဲပေါ်မူတည်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိစက်သုံးဆီ လက်လီဈေးနှုန်းသည် ဒီဇယ်တစ်လီတာလျှင် ၉၁၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၉၃၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၉၀ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၄၀ ကျပ်ဈေးရှိပြီး ပြည်ပဈေးသည် ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၈၊ အဆင့်မြင့်ဒီဇယ် တစ်စည်လျှင် ၈၉ ဒေါ်လာ၊ အောက်တိန်း ၉၂ တစ်စည်လျှင် ၈၃ ဒေါ်လာ၊ အောက်တိန်း ၉၅ တစ်စည်လျှင် ၈၅ ဒေါ်လာဈေးရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

လတ်တလော ဒေါ်လာဈေးကွက်အတွင်း ပြင်ပဈေးသည် တစ်ဒေါ်လာလျှင် ၁၄၀၆ ကျပ်၊ ပုဂ္ဂလိကဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၄၀၈ ကျပ်နှင့် ဗဟိုဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၄၀၆ ကျပ်ဈေးရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04


  • VIA