News

POST TYPE

BUSINESS

ဆန်တစ်အိတ် ကျပ် ၃၀၀၀ အထိ ဆက်တက်
05-Jul-2018



ရန်ကုန်၊ ဇူလိုင် ၎

ပြီးခဲ့သည့်နှစ်အတွင်းက ပြည်ပဆန်တင်ပို့မှုများပြားခဲ့ခြင်းကြောင်း ဆန်လက်ကျန်နည်းပြီး ဈေးနှုန်းဆက်တိုက်မြင့်တက်နေရာမှ ယခုအခါ ဆန်တစ်အိတ်လျှင် မူလထက် ကျပ် ၃၀၀၀ အထိ ဆက်လက်မြင့်တက်ကြောင်း ရန်ကုန်ဆန်ဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေသည့်အတွက် ပြည်ပအဝယ် နည်းပါးလျက်ရှိကြောင်း ဆန်လက်ကျန်နည်းနေ၍ ဆန်အဝင်မှာလည်း လျော့ကျလျက်ရှိကြောင်း ဘုရင့်နောင်နှင့် ဝါးတန်းဆန် ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။

ဆန်ဈေးကွက်အတွင်း ဆန်ဈေးအားလုံးသည် ဇွန်လ ဒုတိယပတ်အတွင်းမှစတင်၍ မြင့်တက်နေပြီး ယခုအခါ ဆန်ချောတစ်အိတ်လျှင် ၁၀၀၀ မှ ၃၀၀၀ အထိ ထပ်မံမြင့်တက်ကာ ဆန်ကြမ်းဈေးမှာ တစ်အိတ်လျှင် ကျပ် ၅၀၀ မှ ၁၀၀၀ အထိ ဆက်လက်မြင့်တက်ကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

“ဆန်ဈေးက ဒီထက်ထပ်မတက်နိုင်တော့ပါဘူး။ ထပ်တက်ရင်လည်း ထိုင်းဆန်တွေ ဝင်လာနိုင်တယ်” ဟု ဆန်ကုန်သည် ဦးအောင်မြင့်က ပြောဆိုသည်။

လက်ရှိ ရန်ကုန်ဆန်ဈေးကွက်အတွင်းသို့ နယ်ဒေသများမှ ဆန်ဝင်ရောက်မှုမှာလည်း ပြည်ပပို့ရန် အနည်းငယ်သာပါဝင်ပြီး ရန်ကုန်တွင် စားသုံးရန်အတွက်သာ ဝင်ရောက်ခြင်းကြောင့် တစ်ရက်လျှင် ဆန်အိတ်ရေ ၅၀,၀၀၀ မှ ၆၀,၀၀၀ ခန့်သာရှိကြောင်း အဆိုပါဆန် ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိဆန်ဈေးကွက်အတွင်း ပေါ်ဆန်းရှယ် တစ်အိတ်လျှင် ကျပ် ၄၀,၀၀၀ မှ ၄၃,၀၀၀ အထိ၊ ဖျာပုံ။ဒေးဒရဲ ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၉,၀၀၀ မှ ၄၃,၀၀၀ အထိ၊ ကြားပျံရှယ် တစ်အိတ်လျှင် ကျပ် ၄၅,၀၀၀ မှ ၄၆,၀၀၀ အထိ၊ ပေါ်ဆန်းနယ်စုံ တစ်အိတ်လျှင် ကျပ် ၃၈,၀၀၀ မှ ၄၀,၀၀၀ အထိ၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၂၂ယ၅၀၀ မှ ၂၃,၀၀၀ အထိ၊ မြီးဒုံးတစ်အိတ် လျှင် ကျပ် ၃၆,၀၀၀ မှ ၃၇ယ၅၀၀ အထိ၊ ကြမ်းရှယ် တစ်အိတ်လျှင် ကျပ် ၂၂,၀၀၀ မှ ၂၃,၀၀၀ အထိဈေးရှိကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

S-04