News

POST TYPE

BUSINESS

ပဲဈေး ပြန်ကျ
08-Jun-2018



ရန်ကုန်၊ ဇွန် ၇

အိန္ဒိယဝယ်ယူမှု လျော့ကျလာခြင်းကြောင့် မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ ပြန်လည်ကျဆင်းကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

ယခုရက်ပိုင်းအတွင်း မတ်ပဲဈေးသည် တစ်တန်လျှင် ကျပ် ၂၅,၀၀၀ ခန့် နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၁၈,၀၀၀ ခန့်ကျဆင်းပြီး ဈေးနှုန်းငြိမ်သက်ခြင်းမရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

ဇွန်လ ၅ ရက်နေ့က ပဲဈေးသည် မေလပထမပတ်ကထက် မတ်ပဲ တစ်တန်လျှင် ကျပ် ၁၆၀,၀၀၀ မှ ၁၇၀,၀၀၀ ကျော်နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၁၉၀,၀၀၀ ခန့်အထိမြင့်တက်နေရာမှ ယခုအခါဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

လက်ရှိအိန္ဒိယပို့ပဲဈေးသည် မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၅၁၈,၀၀၀၊ မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၆၆၈,၀၀၀ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၅၁၂,၀၀၀ ဈေးရှိကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

S-04