News

POST TYPE

BUSINESS

ဓာတုပစ္စည်း ရောနှောဆီများနှင့် နိုင်ငံခြားထုတ်ကုန်များကို ယှဉ်ပြိုင်နိုင်ရန် အသင်းအမှတ်တံဆိပ်ပါ စားသုံးဆီဘူးများ ထုတ်လုပ်မည်
25-Sep-2016


ရန်ကုန်၊ စက်တင်ဘာ ၂၅ 

ဓာတုပစ္စည်းသုံး ရောနှောဆီများနှင့် နိုင်ငံခြားထုတ်ကုန်များကို ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းက အသင်းအမှတ်တံဆိပ်ပါ စားသုံးဆီဘူးများ ထုတ်လုပ်မည် ဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။

“အခုဟာက ကျွန်တော်တို့ ထုတ်ကုန်တွေက ရေသန့်ဘူးတွေနဲ့ပဲ လုပ်နေရတယ်။ အသင်းက စက်ထောင်ပြီးတော့ ကိုယ်ပိုင်အမှတ်တံဆိပ် ဒီဇိုင်းနဲ့ဆိုရင် ဓာတုအနံ့ပေးတဲ့ ရောနှောဆီတွေနဲ့လည်း သီးခြားစီ ဖြစ်သွားမယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ဘူးစက်ရုံတည်ထောင်ရန်အတွက် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းက မတည်ငွေ ပမာဏတစ်ခုနှင့် လိုအပ်သည်ကို စက်မှုဝန်ကြီးဌာနထံမှ အသေးစား အလတ်စား ချေးငွေရယူကာ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိထုတ်လုပ်လျက်ရှိသော ဆီဘူးဒီဇိုင်းများသည် အခြားကျန်းမာရေးနှင့် ညီညွှတ်မှု မရှိသော ဓာတုပစ္စည်းသုံး ရောနှောဆီများနှင့် ဆင်တူယိုးမှား ရှိနေခြင်း၊ ပြည်ပမှ တင်သွင်းလာသော နိုင်ငံခြားထုတ်ကုန်များနှင့်လည်း ထုပ်ပိုးမှု ဒီဇိုင်း ယှဉ်ပြိုင်နိုင်မှု မရှိကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းထံမှ သိရသည်။

ယင်းစက်ရုံက ထုတ်လုပ်သော စားသုံးဆီဘူးများကို ပြည်တွင်းစားသုံးဆီ လုပ်ငန်းများကိုသာ ရောင်းချမည်ဖြစ်ပြီး အသင်းအမှတ်တံဆိပ်ပါ စားသုံးဆီ ဘူးဒီဇိုင်းများကို နှစ်မျိုးမှ သုံးမျိုးအထိ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း အဆိုပါ အသင်းထံမှ သိရသည်။


  • VIA