News

POST TYPE

BUSINESS

မဲခေါင်မြစ်၌ ဆီတင်ရေယာဉ်နှင့်ငါးဖမ်းစက်လှေ မီးလောင်
27-May-2018

ကျိုင်းတုံ၊ မေ ၂၆ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မဲခေါင်မြစ်ရှိ ဘုရားလေးရေဆိပ်တွင် မေလ ၂၅ ရက် ည ၈ နာရီခန့်တွင် ဆီတင်ရေယာဉ်နှင့် ငါးဖမ်းစက်လှေတို့ မီးလောင်ခဲ့ကြောင်း တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ 

“ဆီပီပါတွေတင်ထားတဲ့ စက်လှေကြီးဘေးက ငါးဖမ်းစက်လှေကစပြီး မီးလောင်ခဲ့တာလို့ သိရတယ်။ ပဲ့နင်းတစ်ဦးနဲ့လှေ ထိုးသားသုံးဦးက ရေထဲပျောက်နေတာလား၊ ထွက်ပြေးနေလားမသိလို့ ရှာနေဆဲမို့ အမှုမဖွင့်ရသေးဘူး”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

အဆိုပါ မီးလောင်မှုကြောင့် အလျား ၁၂၀ ပေ၊ အနံ ၂၀ ပေနှင့် ရေစူး ၃ ပေခန့်ရှိ ဆီတင်ရေယာဉ်နှင့်အလျား ၂၀ ပေ၊ အနံ ၆ ပေနှင့် ရေစူး ၃ ပေရှိ စက်လှေတို့ မီးလောင်ကျွမ်းခဲ့၍ ဆီသယ်ရေယာဉ်နှင့် စက်လှေတာဝန်ရှိသူများကို စုံစမ်းနေပြီး အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း ဝမ်ပုံနယ်မြေရဲစခန်းထံမှ သိရသည်။ 

R-16

  • VIA