News

POST TYPE

BUSINESS

Microsoft က e- Government နှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာများကို အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မည်
20-Sep-2016


ရန်ကုန်၊ စက်တင်ဘာ ၂ဝ

အမေရိကန် ပြည်ထောင်စု အခြေစိုက် နည်းပညာ ကုမ္ပဏီ Microsoft က e- Government လုပ်ငန်းများနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာများကို အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း Microsoft ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Sy Wann က ပြောကြားသည်။

 

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများ အပါအဝင် အစိုးရ၏ ဒစ်ဂျစ်တယ် စနစ် ပြုပြင် ပြောင်းလဲရေး လုပ်ငန်များကို Microsoft က လိုအပ်သည့် နည်းပညာများကို ပံ့ပိုးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

 

“မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဦးစားပေး ဆောင်ရွက်မှာက စီးပွားရေးဆိုင်ရာ မူတွေ၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုနဲ့ လူမှုဝန်းကျင် တိုးတက်ဖို့ ချိတ်ဆက် ဆောင်ရွက်မှုတွေနဲ့ Microsoft Philanthropies ပရိုပရမ်တွေ ပါဝင်ပါတယ်”ဟု ၎င်းက ဆိုသည်။

 

အခြား နိုင်ငံများတွင် မိုဘိုင်းလ် ဖုန်းများ၊ ကြိုးမဲ့ အင်တာနက် ချိတ်ဆက်မှုများ ဖွံ့ဖြိုး တိုးတက်လျက် ရှိပြီး မြန်မာနိုင်ငံသည် ယင်းကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သော ဈေးကွက်သစ် တစ်ခု ဖြစ်ကာ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း Microsoft ထံမှ သိရသည်။

 

လက်ရှိအချိန်တွင် Microsoft က ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းစုများဖြစ်သော ရွေးတောင် ကုမ္ပဏီအုပ်စုနှင့် ကမ္ဘောဇ အုပ်စုတို့ကို ICT စနစ် ပြောင်းလဲခြင်းများ အတွက် ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း Microsoft ထံမှ သိရသည်။



  • VIA