POST TYPE
BUSINESS
နယ်မှဆန်အဝင်နည်းပြီး အရောင်းအဝယ်အေး

ရန်ကုန်၊ အောက်တိုဘာ ၈
ကျပ်သိန်းပေါင်းသောင်းနှင့်ချီ၍ ဆန်လိမ်လည်မှုဂယက် ဖြစ်ပေါ်ပြီးနောက်ပိုင်း နယ်ဒေသများမှ ဆန်ဝင်ရောက်မှု နည်းပါးလာပြီး အရောင်းအဝယ် အေးစက်ကြောင်း ဘုရင့်နောင်နှင့် ဝါးတန်းဆန် ကုန်စည်ဈေးကွက် အတွင်းမှ သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြည်ပ ပို့ဆန်ကြမ်းဈေးနှုန်းများ ကျဆင်းလာခဲ့ပြီး ယင်းအကျဈေးဖြင့် အရောင်းအဝယ် အေးစက်နေခြင်း ဖြစ်သော်လည်း ပြည်တွင်း စားသုံးမှုများပြားသည့် ဆန်ချော အရောင်းအဝယ်မှာ အတက်ဈေးသာဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
ဆန်ဈေးကွက်တွင် ဆန်လက်ကျန် နည်းပါးလာခြင်းနှင့် ပြည်ပ ဝယ်လိုအား ကောင်းမွန်နေခြင်းတို့ကြောင့် ဆန်ကြမ်းဈေးနှုန်းမှာ စက်တင်ဘာလကုန်ပိုင်းထိ ဆက်တိုက် မြင့်တက်ပြီး အရောင်းအဝယ် ကောင်းမွန်နေရာမှ အောက်တိုဘာ လဆန်းပိုင်းတွင် ဘုရင့်နောင် ဆန်စပါးကုန် စည်ဒိုင်၏ အသင်းဝင် တစ်ဦးဖြစ်သူ ဦးနိုင်ထူးဝင်းက အသင်းဝင် ၂၆ ဦးထံမှ ကျပ်သိန်းပေါင်း ၁၄၀ဝ၀ ကျော်ကို လိမ်လည်ခဲ့ခြင်းကြောင့် ဆန်ကြမ်းဈေး ကျဆင်းပြီး အရောင်းအဝယ် အေးစက်ခြင်းကို ရင်ဆိုင်လာရခြင်းဖြစ်သည်။
သို့သော် ဦးနိုင်ထူးဝင်းကို အောက်တိုဘာလ ၇ ရက်နေ့က ဖမ်းဆီးရမိပြီဖြစ်ပြီး ၎င်းကို ဆန်ကုန်သည်နှစ်ဦးက တရားစွဲဆိုထားသည်။
လက်ရှိ ဆန်ဈေးကွက်အတွင်း ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၄,ဝ၀ဝ မှ ၃၆,၅၀ဝ ထိ၊ ဒေးဒရဲပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၄,ဝ၀ဝ မှ ၃၆,ဝ၀ဝ ထိ၊ မြောင်းမြ။ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၅,ဝ၀ဝ မှ ၃၉,ဝ၀ဝ ထိ၊ ရွှေဘိုပေါ် ဆန်းတစ်အိတ်လျှင် ကျပ် ၄၈,ဝ၀ဝ မှ ၅၀,ဝ၀ဝ ထိ၊ ဧည့်မထမိုးဆန် တစ်အိတ်လျှင် ကျပ် ၂၁,ဝ၀ဝ မှ ၂၃,၃၀ဝ ထိ၊ ဧည့်မထ (၅ မှတ်) တစ်အိတ်လျှင် ကျပ် ၂၀,၅၀ဝ မှ ၂၁,ဝ၀ဝ ထိနှင့် ငစိန်တစ်အိတ်လျှင် ကျပ် ၂၁,ဝ၀ဝ မှ ၂၂,၅၀ဝ ထိ ဈေးရှိကြောင်း ယင်းဆန်ဈေးကွက်အတွင်းမှ သိရသည်။
S-04
-
25-Apr-2018
-
25-Apr-2018
-
25-Apr-2018
-
25-Apr-2018
-
25-Apr-2018
-
25-Apr-2018
-
22-Apr-2018
-
02-Apr-2018