News

14-Dec-2018
ပြည်တွင်းသို့ အစိတ်အပိုင်းများ တင်သွင်းထုတ်လုပ်သည့်စနစ် (SKD) ဖြင့် ထုတ်လုပ်နေသော ဆူဇူကီးကား ၂၀၁၉ မော်ဒယ်လ်များကို တစ်စီးလျှင် ၅ ရာခိုင်နှုန်းခန့် ဈေးနှုန်းတိုးမြှင့်ရောင်းချမည်ဖြစ်ကြောင်း ဆူဇူကီးအရောင်းကိုယ်စားလှယ်များထံမှ သိရသည်။
13-Dec-2018
အမေရိကန်ဒေါ်လာဈေး မြင့်တက်မှုအရှိန်ကြောင့် သီတင်းတစ်ပတ်ကျော်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ငါးသောင်းနီးပါးထပ်မံမြင့်တက်လျက်ရှိပြီး ဆက်လက်မြင့်တက်နိုင်ခြေရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
12-Dec-2018
ထိုင်းနိုင်ငံအခြေစိုက် စားသောက်ကုန်ထုတ်လုပ်သည့် Osotspa အများပိုင်ကုမ္ပဏီက ပြည်တွင်း၌ အားဖြည့်အချိုရည်များထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ ၇၃ သန်းကျော် (ထိုင်းဘတ် ၂၄၀၀ သန်း) ရင်းနှီးမြှုပ်နှံလိုက်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
12-Dec-2018
မြန်မာခရက်ဒစ်ဗျူရိုနှင့် အမေရိကန်အခြေစိုက်နည်းပညာကုမ္ပဏီ Equifax New Zeland Services and Solution Limited တို့ ပူးပေါင်း၍ ဆော့ဖ်ဝဲလိုင်စင်အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့က သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ယင်းအဖွဲ့အစည်းထံမှ သိရသည်။
12-Dec-2018
ပုဂ္ဂလိကဘဏ်များက လုပ်ငန်းရှင်များသို့ အပေါင်ပစ္စည်းမဲ့ငွေချေးခွင့်ကို ဖြေလျှော့ပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။
11-Dec-2018
ကိုရီးယားအခြေစိုက် ဟွန်ဒိုင်းအမှတ်တံဆိပ်ကားများကို SKD စနစ်ဖြင့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
10-Dec-2018
မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) က ကျပ်သိန်းတစ်ထောင်အောက် တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် အိမ်ရာချေးငွေ ဝန်ဆောင်မှုအသစ်ကို စတင်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း ယင်းဘဏ်၏ စီးပွားရေးအမှုဆောင်အရာရှိချုပ် (CBO) ဦးကျော်နီခင်က ပြောကြားသည်။
07-Dec-2018
ကွန်ပျူတာနှင့် အီလက်ထရွန်နစ်ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသော ထိုင်ဝမ်အခြေစိုက် BenQ ကော်ပိုရေးရှင်းက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
05-Dec-2018
ယမန်နေ့ ဒီဇင်ဘာ ၄ ရက်က ထိုးကျခဲ့သော ရွှေနှင့် အမေရိကန်ဒေါ်လာဈေးနှုန်းများသည် ချက်ချင်းဆိုသကဲ့သို့ ဒီဇင်ဘာ ၅ ရက်တွင် ပြန်လည်မြင့်တက်ကြောင်း အဓိကရွှေဈေးကွက်တစ်ခုဖြစ်သော ရွှေဘုံသာရွှေဈေးကွက်နှင့် ငွေကြေးဈေးကွက်များအတွင်းမှ သိရသည်။
05-Dec-2018
စင်ကာပူနိုင်ငံအခြေစိုက် DBS ဘဏ်နှင့် ပြည်တွင်း ဧရာဝတီဘဏ်တို့သည် Strategic Partnership အဖြစ် ပူးပေါင်းဆောင်ရွက်လိုက်ပြီဖြစ်ခြင်းကြောင့် ယင်းစင်ကာပူဘဏ်မှ ပြည်တွင်း မည်သည့်ဘဏ်စာရင်းကိုမဆို ဧရာဝတီဘဏ်မှတစ်ဆင့် တိုက်ရိုက်ငွေလွှဲဝန်ဆောင်မှု (DBS to AYA Remit) များ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။
05-Dec-2018
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းကြမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
05-Dec-2018
ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများသို့ မြန်မာ့ဆန်တင်ပို့မှုအတွက် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) သုံးနှစ်ခန့် ယာယီရပ်၊ မရပ်ကို အီးယူအဖွဲ့ဝင်နိုင်ငံများ မဲခွဲဆုံးဖြတ်ပြီးပါက ဒီဇင်ဘာလအတွင်း အကြောင်းပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။
04-Dec-2018
မြန်မာ-နီပေါ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးလိုက်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ သိရသည်။
04-Dec-2018
ဆက်တိုက်ပြန်ကျလာသော စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့်ရက်ပိုင်းကထက် ဆက်လက်ကျဆင်းပြီး ထပ်ကျလာနိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များကဆိုသည်။
03-Dec-2018
အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များ၊ နည်းပညာဆိုင်ရာလိုအပ်ချက်များကို အွန်လိုင်းမှသင်ကြားပေးမည့် Panna Online School ဝက်ဘ်ဆိုက်ကို ဒီဇင်ဘာလ ၁ ရက်နေ့က စတင်မိတ်ဆက်လိုက်သည်။