News

POST TYPE

BRANDED CONTENT

Pacific - AA Foundation နဲ့ ကိုးရီယားနိုင်ငံက Chung - Ang University တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
13-Aug-2018


မြန်မာနိုင်ငံရဲ့ ဆေးဝါးထုတ်လုပ်တဲ့ကဏ္ဍမှာလိုအပ်တဲ့ ခေတ်မီ ဆေးဝါးဖော်မြူုလာတွေ ထုတ်လုပ်ဖို့ သုတေသနစင်တာတစ်ခုကို ကိုရီယားတက္ကသိုလ်တစ်ခုမှာဆောက်လုပ်ဖို့ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို သြဂုတ်လ ၄ ရက်နေ့က Pan Pacific Hotel  ကျင်းပခဲ့ပါတယ်။ 

သြဂုတ်လ ၁၁ ရက်နေ့​ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ သာသနာရေးနှင့် ယဉ်ကကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ Pacific - AA Foundationက တာဝန်ရှိသူတွေ၊ Chung - Ang Universityက တာဝန်ရှိသူတွေနဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

လိုအပ်တဲ့ ခေတ်မီ ဆေးဝါး သုတေသနစင်တာ တည်ဆောက်ဖို့အတွက် Pacific - AA Foundation / Pacific Medical Industries LTD (PMI ) နဲ့ ကိုးရီယားနိုင်ငံက Chung - Ang University တို့ အကျိုးတူပူးပေါင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြပါတယ်။

နားလည်မှု စာချွန်လွှာအရ Pacific Medical Industries LTD နှင့် Myanmar FDA မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ကိုးရီးယားနိုင်ငံကိုစေလွှတ်ပြီး သုတေသနလုပ်ငန်းမှာ ပူးပေါင်းပါဝင်နိုင်မှာဖြစ်တဲ့အပြင် Chung - Ang University မှာလည်း Master Degree နဲ့ Ph.D Degree ကိုလည်း တက်ရောက်လေ့လာ ဆည်ပူးခွင့်ရရှိမှာ ဖြစ်ပါတယ်။