News

POST SECTION

AUTO-MOBILE

07-Nov-2018
နောက်ပိုင်း ခရီးထွက်နိုင်အောင် မိသားစုတွေ တော်တော်များများ ကြိုးစားလာကြတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေအရ သုံးရာသီမှာ ပွင့်လင်းရာသီ နှစ်ရာသီကို ခရီးသွားရာသီအဖြစ် ခရီးသွားကုမ္ပဏီတွေက ပရိုမိုးရှင်းတွေနဲ့ ဆွဲဆောင်ကြသလို၊ ခရီးသွားကြသူအများဆုံး ကာလတွေ အနေနဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အများဆုံးခရီးသွားကြပါတယ်။ ခရီးသွားတဲ့နေရာမှာ ကိုယ်ပိုင်မိသားစုနဲ့ ကိုယ့်ကားနဲ့ ကိုယ်သွားကြတယ်၊ မိသားစုတစ်စုစာ ကားငှားပြီးသွားတယ်၊ အုပ်စုလိုက် ခရီးသွားကားတွေနဲ့ သွားကြတယ်၊ Express ကားတွေနဲ့လည်း သွားကြသလို ပုံစံအမျိုးမျိုးနဲ့ သွားကြပါတယ်။ ဒီတစ်ပတ်အတွက် တင်ဆက်ပေးမှာကတော့ ကိုယ်ပိုင်ကားနဲ့ ခရီးသွားတဲ့သူတွေနဲ့ မိသားစုတစ်စုစာ ကားငှားပြီးသွားကြသူတွေအတွက် ဘာတွေဂရုစိုက်ရမလဲ၊ ဘယ်လိုတွေ ပြင်ဆင်သွားသင့်လဲဆိုတာတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
29-Oct-2018
ဘယ်မောင်းကားတွေပဲတင်သွင်းဖို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက စတင်မူဝါဒချမှတ်ခဲ့ပါတယ်။ လာမယ့် နှစ်အတွက်လည်း ဘယ်မောင်းတွေပဲ တင်သွင်းဖို့ အောက်တိုဘာလ ၂၆ ရက်နေ့က ထပ်မံထုတ်ပြန်လိုက်ပါတယ်။ အဲဒီတော့ ညာမောင်းတွေနဲ့သာ ရင်းနှီးနေတဲ့ ပြည်တွင်းက ကားအသုံးပြုသူတွေ ဘယ်မောင်းကို ပြောင်းမောင်းမယ်ဆိုရင် အခက်အခဲတွေတွေ့နိုင်ပါတယ်။ လုပ်နေကျအလုပ်တစ်ခုကို ပြောင်းလုပ်ရရင် ခေတ္တခဏအခက်အခဲတွေ့ရတတ်တာ ဓမ္မတာလိုဖြစ်တဲ့အတွက် ညာမောင်းတွေနဲ့သာ ရင်းနှီးလာတဲ့ ကားအသုံးပြုသူတွေအတွက် ဘယ်မောင်းပြောင်း မောင်းရတဲ့အခါ ဘာတွေသတိထားရမလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရနိုင်မလဲ၊ ဘယ်လိုအန္တရာယ်တွေကို ကြိုတင်ရှောင်ရှားရမလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ဒီတစ်ပတ်ရဲ့ Motoring ကဏ္ဍအတွက် တင်ဆက်ပေးလိုက်ပါတယ်။
22-Oct-2018
ကားပိုင်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ကားကို ထိခိုက်ပျက်စီးစေချင်တဲ့သူ ဘယ်သူမှမရှိကြပါဘူး။ ဒါပေမဲ့ ကားပိုင်ရှင်ကိုယ်တိုင်မသိဘဲ ကိုယ့်ကားကို ထိခိုက်ပျက်စီးစေတဲ့ လုပ်ရပ်တွေရှိနေပါတယ်။ ဒီလို လုပ်ရပ်တွေကို တချို့က သတိမမူမိလို့လုပ်မိတာ၊ လူငယ်တချို့က အဲဒီအမှားကို အမှားမှန်းမသိဘဲ လုပ်တတ်သလို၊ မှားနေတာကို သိသိရက်နဲ့ တမင်သက်သက်လုပ်တာ၊ တချို့က ဒေါသစိတ်ကြောင့် လုပ်မိတာတွေဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီလိုသတိမမူမိဘဲ လုပ်မိတဲ့ အမှားလေးတွေကြောင့် ကိုယ့်ကားကို ထိခိုက်ပျက်စီးစေတဲ့အပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့အတွက် သတိထားမိအောင် ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။
15-Oct-2018
ဒီတစ်ပတ်အတွက် မော်တော်ယာဉ်တွေ အတွင်းပိုင်းက မရှိမဖြစ်လိုအပ်တဲ့ Plug တွေရဲ့ အကြောင်းကို တင်ပြပေးလိုက်ပါရစေ။ Plug ဆိုတာက ကားတစ်စီးလုံးက သေးမွှားတဲ့ အပိုပစ္စည်းလေးတစ်ခုလို့ပဲ အားလုံးက ထင်ကြတာပါ။ မကောင်းရင် လဲလိုက်မယ်။ ဒီလောက်ပါပဲ။ ဘယ်လို Plug တွေ ကိုလဲသင့်တယ်။ ဘယ်လို Plug တွေဆိုရင် ကိုယ့်ကားနဲ့ သင့်တော်မယ်။ ဘယ်လို Plug တွေဆိုရင် ကိုယ့်ကားနဲ့ မသင့်တော်ဘူးဆိုတာတွေကို သိရှိသူနည်းပါတယ်။ သူ့ရဲ့အကျိုး၊ အပြစ်ကို အသေးစိတ်သိရှိသူနည်းလှပါတယ်။
08-Oct-2018
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ယာဉ်မောင်းလိုင်စင်အသစ်ထုတ်ပေးခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ မိတ္တူထုတ်ခြင်း၊ နေရပ်ပြောင်းလဲခြင်း၊ နယ်ဝင်နယ်ထွက်ဆောင်ရွက်ခြင်းနှင့် လိုင်စင်အမျိုးအစားတစ်ခုမှတစ်ခုသို့ ပြောင်းလဲခြင်းတို့အတွက် ဆောင်ရွက်ရသည့် လုပ်ငန်းများအလိုက် အခကြေးငွေများကို အောက်တိုဘာလ ၈ ရက်နေ့မှစ၍ ယခင်ထက် ၁၀ ဆကျော် တိုးမြှင့်လိုက်သည်။
01-Oct-2018
အရင်ဆုံးအနေနဲ့ BMW Motor Group တည်ထောင်ခဲ့တဲ့ Mr.Karl Friedrich Rapp အကြောင်းနဲ့ပဲ စလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ BMW ကို လူတိုင်းသိကြပေမယ့် ကမ္ဘာ့ကားပရိသတ်ထဲ Mr.Karl Rapp ကို မသိကြသူတွေ တော်တော်များများတယ်လို့ထင်လို့ပါ။ BMW ဘာလဲလို့မေးရင် ဂျာမနီနိုင်ငံကထုတ်တဲ့ ကမ္ဘာကျော်ကားမှန်းသိကြပါတယ်။ ပြီးတော့ လူပုဂ္ဂိုလ်အနေနဲ့ဆိုလည်း Ford ရဲ့ ပဲ့ကိုင်ရှင် Henry Ford တို့ Chrysler ရဲ့ ပဲ့ကိုင်ရှင် Iacocca တို့ကို လူတော်တော်များများသိပေမယ့် Karl ကိုတော့ သိသူနည်းကြပါတယ်။