01-Apr-2019
လောင်စာဆီအသုံးပြုမှုကို လျှော့ချနိုင်ဖို့အတွက် တီထွင်သူတွေ ခေါင်းစားနေတာကို အရေးကြီးတဲ့ တွေ့ရှိမှုတစ်ခုအနေနဲ့ CNG (Compressed Natural Gas) နဲ့ မော်တော်ယာဉ်တွေ ရွေ့လျားသွားလာနိုင်တယ် ဆိုတာကိုပါ။ ဒါကြောင့်ပဲ အနည်းနဲ့အများဆိုသလို လောင်စာဆီအသုံးပြုမှုကို CNG က အစားထိုးနိုင်လာလို့ လျော့ကျသွားတယ် ဆိုပေမယ့် နေရာအများကြီးတော့ မယူနိုင်ခဲ့ပါဘူး။ ဥပမာပြောရရင် မြန်မာနိုင်ငံမှာဆိုရင်ပဲ လုပ်ငန်းသုံး ယာဉ်တွေမှာသာ ဒီဂက်စ်ကို အသုံးပြုကြပြီးတော့ အိမ်စီးယာဉ်တွေမှာတော့ မသုံးကြပါဘူး။ ဘာလို့လဲဆိုတော့ သူ့အတွက် Station တစ်ခု သီးသန့်ထားရသလို ထိန်းသိမ်းသယ်ယူရတဲ့ အခက်အခဲတွေကြောင့် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် CNG တွေမှာ ကောင်းကျိုးတွေ အများကြီးရှိနေပါတယ်။ CNG က ယာဉ်တွေကို လောင်စာဆီအသုံးပြုမောင်းနှင်ခြင်းထက် လေထုညစ်ညမ်းမှုကို များစွာသက်သာစေပါတယ်။