News

POST SECTION

AUTO-MOBILE

14-Sep-2020
Lexus ၏ SUV များသည် ခြွင်းချက်မဲ့ ရောင်းအားအကောင်းဆုံးထဲတွင် အမြဲပါဝင်ပြီး SUV အသေး (Compact SUV) Lexus NX နှင့် SUV (ပုံမှန်အရွယ်အစား SUV) Lexus RX နှစ်မျိုးလုံးသည် ပုံစံအားဖြင့်ထင်ရှားကာ၊ စတိုင်ကျသည်ကိုတွေ့ရှိရမည်ဖြစ်သည်။
07-Sep-2020
ကျပ်သိန်း ၁၂၀ - ၁၅၀ ဝန်းကျင်နှင့် နည်းပညာမြင့်၊ မော်ဒယ်လ်မြင့်ပါကင်ထိုးရလွယ်ကူသည့် ကား တစ်စီးဝယ်ယူမည်ဆိုပါက ဈေးနှုန်းသင့်တော်သည့် Toyota IQ ကို လမ်းညွန်ပေးလိုက်ပါသည်။
31-Aug-2020
GLB 200 2020 သည် Mercedes-Benz များထဲတွင် တန်ဖိုးနည်းကားတစ်စီးဖြစ်သည်။ မြန်နှုန်း မြင့်မောင်းနှင်ပြီး၊ ဇိမ်အကျဆုံးကားစီးမည်ဆိုသည့် အချက်များထက် နေ့စဉ်ဘဝတွင် လက်တွေ့ကျကျ အသုံးပြုစီးနင်းပါက သိပ်ကောင်းသည့် ကားတစ်စီး ဖြစ်သည်။
24-Aug-2020
“ပြည်ပကသွင်းတဲ့သူတွေအတွက်က ပိုပြီးအားသာလာတယ်။ ပြည်တွင်းထုတ်လုပ်တဲ့ သူတွေအတွက်ကတော့ သူတို့ရဲ့ထုတ်လုပ်မှုစရိတ်ကို ထိခိုက်မှုရှိတယ်ပေါ့”
17-Aug-2020
ကားဈေးကွက်များတွင်မင်းမူထားပြီး ပြည်တွင်းဈေးကွက်၌ နေရာရရှိထားသည့် Compact SUV တစ်စီးဖြစ်သည့် KIA ၏ နည်းပညာအသစ်များဖြင့် ထုတ်လုပ်ထားသည့် 2019 KIA Sportage GT နှင့် မိတ်ဆက်ပေးလိုက်ပါသည်။
10-Aug-2020
တစ်ပတ်အတွက် ဈေးကွက်အတွင်း လူကြိုက်များပြီး ပြည်တွင်း၌အတွေ့များသည့် Brand New ကားများဖြစ်သည့် Mazda CX3၊ GAC GS4 နှင့် Chevrolet Trax တို့နှင့် မိတ်ဆက်ပေးလိုက်ပါသည်။
13-Jul-2020
Geely Emgrand X7 2018 သည် မြန်မာပြည်တွင်းကားဈေးကွက် တွင် တွေ့ရခဲသည့် ကားအမျိုးအစားဖြစ်သော်လည်း တရုတ်ကားဈေးကွက်တွင် Chery ပြီးပါက အကြီးမားဆုံး မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။ Geely သည် ကမ္ဘာကျော် ဆွီဒင်အမှတ်တံဆိပ် Volvo၊ အင်္ဂလန်မှ Lotus၊ မလေးရှား PROTON တို့ကို ဝယ်ယူထားသည့် လုပ်ငန်းစုဖြစ်ပြီး Geely အမှတ်တံဆိပ်အောက်မှ ကားအမျိုးအစား အမျိုးမျိုး ကို ကမ္ဘာအနှံ့ဖြန့်ချိလျက်ရှိသည်။
06-Jul-2020
မှန်အလုံပိတ် ကားအတွင်းခန်းတွင်းရှိသော လေထုအရည်အသွေးသည် လွန်စွာအရေးကြီးပြီး ထိုအလုံပိတ် ကားအတွင်းခန်းများတွင် ကျန်းမာရေးကို ထိခိုက်စေတတ်ပြီး မှို၊ ဗက်တီးရီးယားကို ဖြစ်ပေါ်စေသော Formaldehyde အမျိုးအစားတစ်မျိုး ရှိနေတတ်ကြသည်။
29-Jun-2020
မြန်မာငွေ ကျပ်သိန်း ၂၇၀ ဝန်းကျင်နှင့် မြန်မာနိုင်ငံတွင် SKD စနစ်ဖြင့် ထုတ်လုပ်ထားသော မော်ဒယ်လ်မြင့် ကားသစ် တစ်စီးဖြစ်သည့် Suzuki အမှတ်တံဆိပ် Ciaz ကို မိတ်ဆက်ပေးလိုက်ပါသည်။
22-Jun-2020
ပြင်သစ်နိုင်ငံထုတ် ဥရောပအမှတ်တံဆိပ်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အဆင့်မြင့်မားသည့် အင်ဂျင်တပ်ဆင်ထားပြီး အရည်အသွေးပိုင်း ပိုမိုကောင်းမွန်လာသည့် Peugeot 3008 2019 ကို မိတ်ဆက်ပေးလိုက်ပါသည်။
15-Jun-2020
Soueast A5 ကို ရွေးချယ်ဝယ်ယူရန် စဉ်းစားနေသူများအတွက် ပါဝင်မှုများအနေနှင့် Soueast A5 ၏ ရှေ့ရုပ်ထွက်ကို အဝေးမှမြင်ရသည့် မြင်ကွင်းမှာ သူ့၏ရှဲလ်ဒီဇိုင်းမှာ Lexus ရှဲလ်ပုံစံမျိုးနှင့် အတော်ကိုဆင်ပြီး Soueast Logo နေရာကို မြင်မိသည့်အခါမှသာ Soueast ဆိုသည့်အချက်ကို သိနိုင်မည်ဖြစ်သည်။ Led Projector မီးလုံးများကိုလည်း လှလှပပဖွဲ့စည်းထားပြီး ကား၏နောက်ပိုင်းကို ရိုးရှင်းစွာဖြင့် မီးလုံးအနီလေး တစ်ဖက်တစ်ချက်စီ တပ်ဆင်ပေးထားသည်။ လူကြိုက်ပိုများပြီး ဆွဲဆောင်မှုရှိစေမည်အချက်မှာက တရုတ်ကားတစ်စီးဆိုသော်လည်း Soueast ၏ ထုံးစံအတိုင်း Europe ကားများ၏ ပုံစံမျိုး ဖန်တီးပေးထားသည့်အတွက် ရုပ်ထွက်ပိုင်းနှင့် ပတ်သက်၍ အားရကျေနပ်စရာ ဖြစ်စေမည်ဖြစ်သည်။
18-May-2020
ကားဈေးကွက်ထဲတွင် ဈေးတန်းတူသည့် ကားအမြောက်အမြားရှိသော်လည်း ထုတ်လုပ်သည့်နိုင်ငံ၊ အမှတ်တံဆိပ်၊ တင်သွင်းသည့်နိုင်ငံ စသည့်အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး ကွဲပြားမှုရှိသည်။ အမှတ်တံဆိပ်တစ်ခုတည်း၊ မော်ဒယ်လ် တစ်ခုတည်းရှိသော်လည်း ဥရောပတွင် သုံးမည့်ကားနှင့် အာရှတွင်သုံးမည့် ကားများကို ဒေသအခြေအနေ အပေါ်လိုက်ပြီး အနည်းငယ်စီကွဲပြားခြားနားသည်ကို တွေ့ရမည်ဖြစ်သည်။
04-May-2020
မြန်မာနိုင်ငံ၏ ကားသစ်ဈေးကွက်အတွင်းတွင် ရေပန်းစားမှု သိပ်မရှိသေးသော်လည်း ကမ္ဘာကျော်ဆွီဒင်အမှတ်တံဆိပ် Volvo၊ အင်္ဂလန်မှ Lotus၊ မလေးရှား PROTON တို့ကို ဝယ်ယူထားသည့် လုပ်ငန်းစုကြီးဖြစ်သည့် တရုတ်အမှတ်တံဆိပ် Geely က ထုတ်လုပ်သည့် Compact SUV တစ်စီးဖြစ်သည့် Geely ၏ Emgrand X7 2018 ကို မိတ်ဆက်ပေးလိုက်ပါသည်။
30-Mar-2020
Scandinavian-modern - စကင်ဒီနေး ဗီယားခေတ်မီ ဒီဇိုင်းမှာအမြင်လှသလောက် စွမ်းဆောင်နိုင်စွမ်း မြင့်မားသည်ကိုတွေ့ရသည်။ ထူးခြား ချက်မှာဖျော်ဖြေရေးစနစ်ဖြစ်ပြီး ဒက်ရ်ုအလယ်တည့်တည့်တွင် တုံ့ပြန်မှု အင်မတန်ကောင်းသည့် တက်ဘလက် (Tablet) တစ်လုံးကိုလည်း တပ်ဆင်ပေးထားသည်။ ဂရပ်ဖစ်ပုံများမှာ ကြည်လင်ပြတ်သားပြီး လိုရာရွေးချယ်နိုင်သည့် Menu များမှာဟာ ထင်သာမြင်သာရှိသည်။ တက်ဘလက်မျက်နှာပြင်မှာ ပွတ်ဆွဲခြင်း၊ တောက်ကြည့်ခြင်း၊ ဆွဲချဲ့မှုများ အားလုံးအတွက် အဆင်ပြေပြေ တုံ့ပြန်နိုင်သည်။