News

POST TYPE

AUTOMOBILE

မော်ဒယ်လ် ရွှန်းယမုံနှင့် တွေ့ဆုံခြင်း
08-May-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍအတွက် မော်ဒယ်လ်နဲ့ သရုပ်ဆောင် ရွှန်းယမုံနဲ့ တွေ့ဆုံပြီး ကားနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Voice : အခုစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
SYM : အခု Toyota Wish လေး စီးနေပါတယ်။ 

Voice : ဝယ်ထားတာရော ကြာပြီလား။
SYM : ဟုတ်ကဲ့။ သုံးနှစ်လောက်တော့ ရှိပါပြီ။

Voice : ဒီကားလေး စီးရတာ ဘာတွေကောင်းတယ်လို့ထင်လဲ။ 
SYM : ဒီကားလေးရဲ့ အားသာချက်ကတော့ လူများများ ဆံ့တယ်။ ညီမတို့က မိသားစုများတဲ့အတွက် မိသားစုနဲ့ ခရီးတွေ ဘာတွေ ထွက်လို့ စီးလည်း အဆင်ပြေတယ်။ နောက် ရှုတင်သွားဖို့ဆိုလည်း ဒီကားထဲမှာပဲ အဝတ်လဲရတာဆိုတော့ နေရာကျလို့ ညီမအတွက်တော့ အတော်လေး အဆင်ပြေပါတယ်။ 

Voice : အနုပညာရှင်တစ်ယောက် အနေနဲ့ ကားတစ်စီးက ဘယ်လောက် အတိုင်းအတာအထိ အရေးပါလဲ။
SYM : အနုပညာရှင်တစ်ယောက် အနေနဲ့ကတော့ ကားတစ်စီးက မရှိမဖြစ် လိုအပ်ပါတယ်။ ကားပေါ်မှာပဲ အဝတ်အစားသယ်၊ အဝတ်အစား လဲတာတို့ ဒီကားနဲ့ပဲ သွားလာနေရတာဆိုတော့ အတော်လေး အရေးပါတယ်လို့ ပြောလို့ရပါတယ်။

Voice : အခုစီးနေတဲ့ကားက ကြီးတဲ့အထဲမှာပါတဲ့အတွက် ကားသေးလေးတွေကိုရော သဘောကျလား။ 
SYM : ကားသေးသေးလေးတွေ အရမ်းသဘော ကျပါတယ်။ 

Voice : ဘယ်ကားအမျိုးအစားလေးတွေ သဘောကျလဲ။
SYM : မီနီကူးပါးလို ကားသေးသေးလေးတွေဆို ညီမ အရမ်း သဘောကျပါတယ်။ 

Voice : ကားက ကိုယ်တိုင် မောင်းတာလား။
SYM : လက်ရှိမှာတော့ လိုင်စင် မရသေးတဲ့အတွက် ကိုယ်တိုင်တော့ မမောင်းပါဘူး။

Voice : အခုချထားတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့ရော ညီမအနေနဲ့ ဘယ်လိုမြင်လဲ။
SYM : ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး အခုဆို ပိုပြီး တင်းကျပ်လာတယ်လို့ မြင်ပါတယ်။ ဥပမာ - ထိုင်ခုံခါးပတ် မပတ်တာမျိုးတွေကအစ ဒဏ်ငွေဆောင်ခိုင်းတာမျိုး၊ အရေးယူတာမျိုးတွေ လုပ်လာတာ တွေ့ရတယ်။ ဒီလိုလုပ်တဲ့အတွက်လည်း ကောင်းပါတယ်။

Voice : ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီးရော ပရိသတ်ကို ဘယ်လို အကြံပေးချင်လဲ။ 
SYM : ကားမောင်းတဲ့အခါ ကိုယ်သွားမယ့်အချိန်ကို အချိန်ပိုပေးပြီး ထွက်သင့်ပါတယ်။ ကိုယ်ချိန်းထားတဲ့ အချိန်ကပ်ပြီးမှ သွားတာမျိုးတွေမှာ စိတ်လောနေတာမျိုးတွေ ရှိတဲ့အတွက် အမှားများနိုင်တာမို့ ဖြစ်နိုင်ရင် ကိုယ်အလုပ် ရှိတဲ့အခါ အိမ်ကနေ စောစောထွက်တာမျိုး ကားကို ဂရုတစိုက် မောင်းဖို့ မှာချင်ပါတယ်။ 
 
ခိုင်ချယ်ရီထွန်း

  • TAGS